♪ “Meizu M5 Note” Price - 229,000 Ks ♫

Image may contain: phone

M5 Note ဟာ ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းက ထုတ်လုပ်ပေးထားသော ဖုန်းဖြစ်ပါတယ်။ ဖုန်းကို ကိုင်ဆောင် အသုံးပြု သည့်အခါ၌ ကျစ်လျစ်သော ကိုယ်ထည်ဖြစ်စေရန် 153.6 x 75.8 x 8.2mm ဖြစ်အောင် ဖန်တီး ပေးထားပါတယ်။ M5 Note ဟာ ဆင်းကတ်နှစ်ကတ် ထည့်သွင်းအသုံးပြု နိုင်မယ့် ဖုန်းအမျိုးအစားဖြစ် ပါတယ်။

ထို့ကြောင့် ဆင်းကတ်များစွာ ကိုင်ဆောင်သုံးစွဲနေသူများအဆင်ပြေစေပါမယ်။ ထည့်သွင်းသုံးစွဲရမယ့် ဆင်းကတ်အရွယ်အစားကတော့ Nano Sim ပါ။ ဖုန်းမျက်နှာပြင်အပိုင်းတွင် LTPS IPS LCD Capacitive touchscreen ကို အသုံးပြုပေးထားပါတယ်။ ဖုန်းရဲ့မျက်နှာပြင်အကျယ်အ၀န်းကတော့ 5.5 inches ရှိပါတယ်။ ဖုန်းအသုံးပြုသည့်အခါ၌ ကောင်းမွန်သောပုံရိပ်များကို ကြည့်ရှုခံစားနိုင် စေရန်အတွက် မြင်ကွင်းစွမ်းရည် အပိုင်းတွင် 1080x1920 pixels ပမာဏနဲ့ ထောက်ပံ့ပေးထားပါတယ်။

တစ်လက်မမှာရှိမယ့် pixel ပမာဏ သိပ်သည်းဆ ကတော့ 403ppi ပါ။ Meizu ဟာ ကိုယ်ပိုင် UI ကိုလည်း အသုံးပြုနိုင်အောင် လုပ်ဆောင်ပေးထားပါတယ်။ M5 Note ရဲ့ Multi touch စနစ်တွင် Flyme 5.2 ကိုသုံးစွဲနိုင်ပါမယ်။ ကင်မရာနှစ်မျိုးနှစ်စား တပ်ဆင်ပေးထားပြီး အဓိက, ကင်မရာဟာ 13MP, f/2.2 စွမ်းရည်ရှိပြီး Dual LED, Dual Tone Flash စနစ် ထောက်ပံ့ပေးထားပါတယ်။ ရှေ့ကင်မရာငယ်ကတော့ 5MP, f/2.0 စွမ်းရည်ရှိ ပါတယ်။ RAM 3GB ဖြစ်လျှင် Internal Storage မှာ 16 (သို့) 32GB ရှိပါမယ်။ RAM 4GB ထည့်သွင်းပေးထားသောဖုန်းမှာတော့ ROM ပမာဏဟာ 64GB ပါရှိပါမယ်။

အချက်အလက်အများအပြား သိမ်းဆည်းလိုပါကလည်း မှတ်ဥာဏ် ပမာဏကိုချဲ့ထွင် သုံးစွဲနိုင်အောင် Card Slot စနစ် ထည့်သွင်း ပေးထားပါ သေးတယ်။ CPU ရဲ့ စွမ်းရည်မှာ Octa Core (4x1.8GHz Cortex A-53 & 4x1.0GHz Cortex A-53) ဖြစ်ပါတယ်။ အားသွင်းအသုံးပြုရမယ့် ဘက်ထရီ အမျိုးအစားကတော့ 4000mAh ဖြစ်ပါတယ်။


<Specifications>

Network - GSM/HSPA/LTE
Processor - Octa Core
Screen - 5.5 inches
Camera - 13 MP
Storage - 32GB
OS - Android OS, v6.0
Contact - 01-381035 



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment