♪ Mobile Gamer တွေအတွက် Injustice 2 ထွက်ပြီ ♫

https://i1.wp.com/digitaltimes.com.mm/wp-content/uploads/2017/05/wxexex.jpg?fit=800%2C450&ssl=1

Mobile Gamer တွေ သတင်းကောင်းနောက်တစ်ခုကတော့ Injustice 2 ဂိမ်းကို Apple ရဲ့ iOS နဲ့ Google ရဲ့ Play Store ပေါ်မှာ Download ရယူနိုင်ပြီပဲဖြစ်ပါတယ်။

Injustice 2 Mobile ဂိမ်းဟာ Injustice:Gods Among Us ရဲ့ အဆက်ဖြစ်ပြီး Console Version နဲ့ PC Version တွေမထွက်မီ ရက်အနည်းငယ်အလိုမှာ ထွက်ရှိလာခဲ့တာဖြစ်ပါတယ်။

ဒီဂိမ်းရဲ့ အကြောင်းအရာကတော့ DC universe ရဲ့ အနာဂတ် version ဖြစ်ပြီး DC comics ထဲက Super heros တွေနဲ့ super villians တွေကိုရွေးချယ်ဆော့ကစားနိုင်မှာဖြစ်ပါတယ်။

Free to play online game ဖြစ်ပေမယ့် ထုံးစံအတိုင်း in-app purchase ပါဝင်မှာဖြစ်ပါတယ်။ ဂိမ်းရဲ့ ဆော့ကစားမှုပုံစံကတော့ 3 vs 3 တိုက်ခိုက်ရမှာဖြစ်ပြီး battle တွေနိုင်လေလေ character တွေကို level မြှင့်နိုင်လေလေ ဖြစ်မှာပါ။

Superman နဲ့ Batman ချတာကို ရုပ်ရှင်ကြည့်ရုံနဲ့ အားမရနိုင်တဲ့သူတွေအတွက်တော့ ကိုယ်တိုင် စိတ်တိုင်းကျ တိုက်ခိုက်နိုင်မယ့် ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။








Credit to ==> DigitalTimes.com.mm





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com

0 comments:

Post a Comment