♪ မဟာဗန္ဓုလပန်းခြံတွင် Mobile Legend Local Tournament ပြုလုပ်မည် ♫


ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံမှာ Mobile Legend Local Tournament ပွဲပြုလုပ်မယ်လို့ သိရပါတယ်။ အသင်းကန့်သတ်ချက်ရှိပြီး ၃၂ သင်း ၀င်ရောက်ယှဉ်ပြိုင်မှာပါ။ ပွဲစချိန်နံနက် ၉ နာရီဖြစ်ပြီး ၀င်ကြေးအခမဲ့ပြုလုပ်ထားပါတယ်။


ပထမအဆင့် ၃၂ သင်း၊ ၁၆ သင်းနဲ့ ၈ သင်းအဆင့်ကို တစ်ပွဲပဲ ယှဉ်ပြိုင်ရမည့်ပုံစံနဲ့ ကစားရမှာဖြစ်ပြီး Semi နဲ့ Grand Final ပွဲစဉ်တွေကိုတော့ ပတ်လည် ၃ ပွဲစီ ကစားရမှာပါ။ တတိယနေရာ လုပွဲမရှိဘူးလို့ ဆိုထားပြီး ဆုကြေးကိုလည်း ပထမရတဲ့အသင်း တစ်သင်းကိုသာ ငွေကျပ် တစ်သိန်းချီးမြှင့်မယ်လို့ သိရပါတယ်။


ပြိုင်ပွဲဝင်လိုတဲ့အသင်းအနေနဲ့ အသင်းရဲ Logo အလံ အသေးတစ်ခု ပြုလုပ်လာဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
ပွဲလာရောက်ကြည့်ရှုသူတွေကို အလှူခံပြီး စာသင်ကျောင်း၊ မိဘမဲ့ဂေဟာ၊ ဘိုးဘွာရိပ်သာနဲ့ ဘုန်းကြီးကျောင်းတွေကို လှူဒါန်းမှာပါ။

ဒီပွဲကို ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်က Mobile Legend ၀ါသနာရှင်တွေ စုစည်း ကျင်းပတာဖြစ်ပြီး အသေးစိတ်သိရှိလိုတယ်ဆိုရင်တော့ Mobile Legends Myanmar National League (Facebook) Page မှာ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။




Credit to ==> Internet Journal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment