♪ “Telenor Myanmar က နည်းပညာဆိုင်ရာ အလုပ်ခွင် သင်တန်းသား အစီအစဉ်ပြုလုပ်” ♫

Image may contain: 1 person

အရည်အချင်းရှိ လူငယ်လူရွယ်များအနေဖြင့် ပြိုင်ဆိုင်မှုပြင်းထန်သည့် လုပ်ငန်းခွင်တွင်း ၀င်ရောက် အလုပ်လုပ်ကိုင်ရာတွင် အဆင်သင့်ဖြစ် စေပြီး အထောက်အကူဖြစ်စေရန်အတွက် ပထမဆုံးအကြိမ် နည်းပညာ ဆိုင်ရာ အလုပ်ခွင်သင်တန်းသား အစီအစဉ် (Technology Trainee Program) ကို တယ်လီနောက မိတ်ဆက်လိုက်သည်။

အဆိုပါ အစီအစဉ်အရ ရွေးချယ်ခံရသည့် အရည်အချင်းရှိ ဘွဲ့ရကာစ လူငယ်များအနေဖြင့် တစ်နှစ် သက်တမ်းရှိ စာချုပ်ချုပ်ဆို လုပ်ကိုင်ရ မည်ဖြစ်ပြီး ထူးချွန်သည့်သင်တန်းသူ၊သားများအနေဖြင့် စာချုပ်သက် တမ်းကုန်ဆုံးပြီးချိန်တွင် တယ်လီနော၏ အချိန်ပြည့်ဝန်ထမ်းအဖြစ် ခန့်အပ်ခံရမည်ဖြစ်သည်။ အဆိုပါအစီအစဉ် ၏ ပထမအသုတ်အနေဖြင့် ဘွဲ့ရလူငယ် ၁၀ ဦးကို “နည်းပညာဆိုင်ရာ အလုပ်ခွင်သင်တန်းသား” အဖြစ်လက်ခံ သွားမည်ဖြစ်ပြီး လျှောက်ထားနိုင်သူများမှာ ကွန်ပျူတာ တက္ကသိုလ်များမှ ဘွဲ့ရလူငယ်များ ၊ နည်းပညာ တက္ကသိုလ်များမှ Electrical Communication နှင့် Information Technology ဘာသာရပ် များကို အထူးပြု အောင်မြင်ထားသော ဘွဲ့ရလူငယ်များ၊ ယခုအစီအစဉ် နှင့် ကိုက်ညီသည့် ဒီပလိုမာ သို့မဟုတ် အောင်လက်မှတ် ကိုင်ဆောင် ထားသည့် ဘွဲ့ရလူငယ်များ လျှောက်ထားနိုင်သည်။

စိတ်ပါဝင်စားပြီး အရည်အချင်းကိုက်ညီမှုရှိသူများအနေဖြင့် ဒီအစီအစဉ် အကြောင်းနဲ့ လျှောက်လွှာများ ကို https://www.telenor.com.mm/ joblist/career/150 တွင်ရယူနိုင်ပြီး မိမိတို့ရဲ့ ကိုယ်ရေးရာဇ၀င်အပြည့် အစုံနဲ့အတူ technologytrainee@telenor.com.mm သို့ မေလ ၃၁ ရက် နေ့နောက်ဆုံးထားပေးပို့ .လျှောက်ထားနိုင်မည်ဖြစ်သည်။

ကောင်းမြတ်ရာ

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 www.pyaephyo.com

0 comments:

Post a Comment