♪ “HTC Desire 830” - Price - 299,000 Ks ♫

Image may contain: phone

HTC ဟာ ဖုန်းအသစ်တစ်လုံးကို ကမ္ဘာ့ဈေးကွက်ထဲသို့ မကြာခင်က မိတ်ဆက်ပေးထားပါတယ်။ ပြည်တွင်းဈေးကွက်ထဲ မှာတော့ HTC ဟာ ဈေးကွက်ဝေစုရရှိမှု နဂိုထက်စာရင် လျော့နည်းလာပါတယ်။ HTC ရဲ့ ယခုဖုန်းဟာ ၂၀၁၆ ခုနှစ် မေလက ထုတ်လုပ်ပေးထားခြင်းဖြစ်ပြီး ဖုန်း ကိုယ်ထည်အရွယ်အစား ပမာဏကတော့ 157.5 × 78.9 × 7.8 mm ရှိကာ အလေးချိန်မှာ 156g ဖြစ်ပါတယ်။ HTC ရဲ့ ယခုဖုန်းဟာလည်း ဆင်းကတ်နှစ်ကတ်ထည့်သွင်းအသုံးပြုနိုင်ပါမယ်။

ည့်သွင်းသုံးစွဲရမယ့် ဆင်းကတ် အရွယ်အစားကတော့ Nano Sim ပါ။ ဖုန်းမျက်နှာပြင်အတွက် Super LCD Capacitive Touch Screen ကို အသုံးပြုပေးထားပါတယ်။ ဖုန်းရဲ့မျက်နှာပြင် အကျယ်အ၀န်းကတော့ 5.5 inches ရှိပါတယ်။ မြင်ကွင်းစွမ်းရည်အပိုင်းအတွက် 1080×1920 pixels ပမာဏနဲ့ ထောက်ပံ့ပေးထားပါတယ်။ တစ်လက်မမှာရှိမယ့် Pixel ပမာဏ သိပ်သည်းဆဟာ 401ppi ပါ။

ကင်မရာနှစ်မျိုးနှစ်စားပါရှိကာ အဓိက ကင်မရာမှာ 13 MP, f/2.0 စွမ်းရည်ရှိမှာဖြစ်ပြီး ရှေ့ကင်မရာငယ်ကတော့ 4MP , f/2.0 စွမ်းရည် ဖြစ်ပါတယ်။ ကင်မရာဆက်စပ်ပတ်သက် စနစ်များလည်း ထည့်သွင်း ပေးထားပါတယ်။ အသံပိုင်းတွင် Dolby Audio Enhancement နှင့် Active Noise Cancellation with Dedicated mic စနစ်ပါရှိပါတယ်။ အသုံးပြုနိုင်မယ့် OS မှာ Marshmallow ဖြစ်ပြီး ဖုန်းတွင်းပိုင်စွမ်းရည် အဖြစ် Octa-core CPU နှင့် Power VR G6200 GPU တို့ ပါရှိပါတယ်။ မှတ်ဥာဏ်ပမာဏအပိုင်းတွင် RAM ကို 3GB ထည့်သွင်းပေးထားပြီး Internal Storage အတွက် 32 GB ပါရှိအောင် ဆောင်ရွက်ပေးထား ပါတယ်။

Sensor စနစ်များစွာလည်း ထည့်သွင်းပေးထားပါသေးတယ်။ အားသွင်းအသုံးပြုရမယ့် ဘက်ထရီ အမျိုးအစားမှာ Li-Ion 2800mAh ဖြစ်ပြီး အဆိုပါဘက်ထရီဟာ 3G Network တွင် အသင့်အနေအထား အတွက် ၅၄၅ နာရီနီးပါးနှင့် စကားပြောဆိုချိန်အတွက် ၁၄ နာရီကျော် ခံနိုင်စွမ်းရှိအောင် ဆောင်ရွက်ပေးနိုင်ပါတယ်။


<Specifications>

Network - GSM/HSPA/ LTE
Screen - 5.5 inches
Memory - 32 GB
CPU - Octa Core
Camera - 13 MP
OS - Android OS, v6.0
Contact - 01-381035

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com

0 comments:

Post a Comment