♪ “Huawei က MediaPad M3 Lite 10 ကိုကြေညာ” ♫

Image may contain: phone and screen

Huawei က စွမ်းဆောင်ရည်သင့် MediaPad M3 Lite 10 ကိုကြေညာ လိုက်ပါတယ်။ ၇.၁ မီလီမီတာအထူ သာရှိတဲ့အတွက် အလွန် ပါးလွှာ ပါတယ်။ အသံအရည်အသွေးကောင်းမွန်တဲ့ Harman/Kardon Speaker လေးလုံးတပ်ဆင်ထားပါတယ်။

MediaPad M3 Lite 10 မှာ ၁၀.၁ လက်မ IPS 1920x1200 Display တပ်ဆင်ထားပါတယ်။ Octa-Core CPU ပါတဲ့ Snapdragon 435 Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။ Android Nougat ကို Huawei EMUI 5.1 နဲ့ ပေါင်းစပ်ထားပါတယ်။ 3 GB + 16 GB, 3 GB + 32 GB နဲ့ 4 GB + 64 GBစတဲ့ မော်ဒယ် သုံးမျိုးထုတ်လုပ်ပေး ထားပါတယ်။

တက်ဘလက်ရဲ့ အရှေ့နဲ့ အနောက်ဘက်မှာ 8MP Camera တစ်လုံးစီ တပ်ဆင်ထားပါတယ်။ 6600mAh Battery ပါပြီးလက်ဗွေရာအာရုံခံ ကိရိယာကို Home Button မှာတပ်ဆင်ထားပါတယ်။ မော်ဒယ်အားလုံးမှာ LTE Cat4 နဲ့ WiFi 11ac တို့ကိုသုံးနိုင်ပါတယ်။

MediaPad M3 Lite 10 မှာmicroUSB 2.0 ပါပြီး USB-C တော့ မပါပါဘူး။ ရွှေ၊ အညိုနဲ့ အဖြူရောင်များ ထုတ်လုပ်ပေးထားပါတယ်။ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကိုကုမ္ပဏီကမကြေညာသေးပါ ဘူး။ 




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
www.pyaephyo.com

0 comments:

Post a Comment