♪ လမ်းကြမ်းစီး စက်ဘီးပြိုင်ပွဲကိုနှစ်သက်တဲ့ ဂိမ်းပရိသတ်တွေအတွက် " Trial Xtreme 4 " ♫

Image may contain: motorcycle and outdoor

လမ်းကြမ်းစီး စက်ဘီးပြိုင်ပွဲကိုနှစ်သက်တဲ့ ဂိမ်းပရိသတ်တွေအတွက် Trial Xtreme 4 က တကယ့်ကို အကြိုက်တွေ့စေမယ့် ဂိမ်းဖြစ်ပါတယ်။ ကစားသူတွေ တွေ့ဖူးသမျှထဲမှာ အကောင်းဆုံးနဲ့ စိန်ခေါ်မှုအများဆုံး လမ်းကြမ်းစီး စက်ဘီးစီးဂိမ်းဖြစ်မှာ သေချာပါတယ်။ 

စိန်ခေါ်မှုများတဲ့ အဆင့်ပေါင်း 70 ကျော်ကို ကစားရမှာပါ။ ပြိုင်ပွဲတွေ၊ တံခွန်စိုက်ပွဲတွေနဲ့ နှစ်ယောက်ချင်းပြိုင် ပွဲတွေ ကစားရမှာဖြစ်ပါတယ်။ အသုံးပြုထားတဲ့ဂိမ်း engine နဲ့ တုံ့ပြန်မှုသွက်လက်တဲ့ control ပိုင်းကြောင့် ကစားလို့ အလွန်ကောင်းပါတယ်။ ပြိုင်ပွဲလမ်းကြောင်းကို ဖြတ်ကျော်ရခက်ခဲတဲ့ အတားအဆီးတွေနဲ့ ဖန်တီးပေးထားတဲ့အတွက် စက်ဘီးကို ထိန်းချုပ်ပြီး ရှေ့ကိုရောက်အောင်သွားရတာ အလွန်ခက်ခဲပါတယ်။ အခြားစက်ဘီးသမားတွေနဲ့ ယှဉ်ပြိုင်ကစားပြီး အနိုင်ရပါက ငွေသားနဲ့ အံ့သြဖွယ်ရာဆုတွေ ရရှိမှာဖြစ် ပါတယ်။

Extreme Duels မှာတော့ နှစ်ယောက်ချင်းယှဉ်ပြိုင်ကစားပြီး ဆုငွေကို နှစ်ဆရယူနိုင်ပါတယ်။ အသုံးပြုထားတဲ့ 3D graphics နဲ့ ထူးခြားစွာဖန်တီးထားတဲ့ level ဒီဇိုင်းကြောင့် အမိုက်စားဂိမ်းအတွေ့အကြုံကို ရမှာပါ။ စက်ဘီးကို အဆင့်မြှင့်တင်တာနဲ့ စက်ဘီးစီးစွမ်းရည်ကို အဆင့်မြှင့်တင်တာတို့ ပြုလုပ်နိုင်ပါတယ်။ ဒီဂိမ်းကိုတော့ Android 4.0 နဲ့အထက်တွေမှာ ကစားနိုင်ပါတယ်။


 


NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com

0 comments:

Post a Comment