♪ " Android 7.0 နဲ့ 7.1 ရရှိနိုင်မယ့် Xiaomi စမတ်ဖုန်းစာရင်း တရားဝင်ထုတ်ပြန် " ♫

Image may contain: text

Android Nougat (7.0 / 7.1) ကိုရရှိနိုင်မယ့် Xiaomi စမတ်ဖုန်းစာရင်းကို ကုမ္ပဏီက တရားဝင် ထုတ်ပြန်လိုက်ပြီလို့ သိရပါတယ်။ Android ကနေ ဗားရှင်းအသစ်တစ်ခုထုတ်တိုင်း Xiaomi ရဲ့ ဘယ်စမတ်ဖုန်းတွေက upgrade ရရှိနိုင်မလဲဆိုတဲ့မေးခွန်း အမေးများကြပါတယ်။ ဒီနေ့ဈေးကွက်မှာရှိတဲ့ Xiaomi စမတ်ဖုန်းအားလုံးနီးပါးမှာ လွန်ခဲ့တဲ့ 2 နှစ်နီးပါးလောက်တည်းက update ပေးခဲ့တဲ့ Android Marshmallow ကို အသုံးပြုနိုင်နေပါတယ်။ 

ကုမ္ပဏီကတော့ Nougat update ရရှိဖို့ ပြီးခဲ့လမှာ ကတိပြုခဲ့ပြီး အခုအချိန်မှာတော့ Xiaomi ရဲ့ ဘယ်စမတ်ဖုန်း အမျိုးအစားတွေက Nougat update ရရှိမယ်ဆိုတာ တရားဝင်ထုတ်ပြန်လိုက်တာပဲ ဖြစ်ပါတယ်။ IT Home မှာ ဖော်ပြထားတဲ့ ပုံတွေအရ Mi စမတ်ဖုန်းတစ်ချို့က Android 7.0 ဗားရှင်းကို ရရှိမှာဖြစ်ပြီး တချို့တွေမှာတော့ Android 7.1 ဗားရှင်းရရှိနိုင်မယ်လို့ သိရပါတယ်။ စာရင်းထဲမှာပါတဲ့ Mi စမတ်ဖုန်းအားလုံးက ဘာကြောင့် 7.1 ကို တိုက်ရိုက်မရသလဲ။ ဘာကြောင့် တချို့ဖုန်းတွေက စာရင်းထဲမပါတာလဲ ဆိုတာကိုတော့ မသိရပါဘူး။ ဒါဟာ ကုမ္ပဏီရဲ့ တရားဝင်ထုတ်ပြန်မှု အမှန်သာဆိုရင် ထူးဆန်းနေတာတော့ အမှန်ပါပဲ။

Android 7.0 အသုံးပြုလို့ရတဲ့ Xiaomi စမတ်ဖုန်းတွေကတော့ Mi Max, Mi 5, Mi 5s, Mi 5s Plus, Mi 4c, Mi 4s, Mi Note, Mi Note 2, Mi MIX, Redmi Note 4x တို့ဖြစ်ပြီး Android 7.1 အသုံးပြုလို့ရတဲ့ Xiaomi စမတ်ဖုန်းတွေကတော့ Mi 6, Mi Max 2, Mi 5c, Redmi 4x တို့ဖြစ်တယ်လို့ သိရပါတယ်။



#gsmarena.com

သံစဉ်ချို

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com



0 comments:

Post a Comment