♪ နည်းပညာလောကကို အပြောင်းအလဲ ဖြစ်သွားစေနိုင်တဲ့ ကမ္ဘာ့ပထမဆုံး ဘက်ထရီမလိုတဲ့ ဖုန်း ♫


သိပ္ပံပညာရှင်တွေ ဟာ စွမ်းအင်သုံစွဲမှု မရှိတဲ့ ကမ္ဘာ့ပထမဆုံး ဘက်ထရီမဲ့ ဆဲလ်ဖုန်း ကို တီထွင်ဖန်တီးနိုင်ခဲ့ပြီဖြစ်တဲ့အတွက် သိပ္ပံပညာ နဲ့ နည်းပညာလောက အတွက် အချီုးအကွေ့တစ်ခု အဖြစ် ဖြစ်ပေါ်လာဖွယ်ရာ ရှိနေတယ် လို့ သိရပါတယ်။

အဲဒီ ဆဲလ် ဖုန်း ဟာ အချက် ၂ ချက် နဲ့ ကိုက်ညီနေပြီး ပထမဆုံး အချက် မှာ စွမ်းအင် သုံးစွဲမှု လုံးလုံးလျားလျား မရှိတဲ့ ကမ္ဘာ့ပထမဆုံး ဘက်ထရီ မပါရှိတဲ့ ဆဲလ်ဖုန်း ဖြစ်ပြီး ဒုတိယအချက်ကတော့ နည်းပညာ နဲ့ သိပ္ပံပညာကို အပြောင်းအလဲတစ်ခု ဖြစ်သွားစေနိုင်မလား လို့ အားလုံးက စောင့်ကြည့် အကဲခတ်ရစေမယ့် တီထွင်မှု တစ်ခုလည်း ဖြစ်ခဲ့တယ် လို့ Wired မဂ္ဂဇင်း က ဆိုပါတယ်။
အမေရိကန်နိုင်ငံ ဝါရှင်တန် တက္ကသိုလ်မှ သိပ္ပံပညာရှင်များက ဖန်တီးတည်ဆောက်ခဲ့တာ ဖြစ်ပြီး စွမ်းအင်သုံးစွဲမှု လုံးဝနီးပါးမရှိ လို့ သိရပါတယ်။ အဲဒီ ဘက်ထရီမလိုအပ်တဲ့ ဆဲလ်ဖုန်းဟာ သုံးစွဲသူရဲ့ အနီးအနားမှာ ရှိတဲ့ အလင်းရောင်နဲ့ ရေဒီယိုလှိုင်းတွေက ရရှိတဲ့ စွမ်းအင်ပမာဏ နည်းနည်းလောက်နဲ့ပဲ အလုပ်လုပ်စေနိုင်လောက်အောင် အစွမ်းထက်တယ် လို့ ဆိုပါတယ်။

နမူနာ စမ်းသပ်မှုတွေမှာ အဲဒီ ဖုန်း အကြမ်းထည် ကို သုံးစွဲပြီး အင်တာနက် ကနေ တဆင့် Skype IM နဲ့ သုံးစွဲပြီး ဖုန်းခေါ်ဆိုမှုပြုလုပ်ခဲ့ပြခဲ့ပါတယ်။ စွမ်းအင် ကို မသုံးစွဲရတဲ့အတွက် ဘက်ထရီ အများအပြားကို ထည့်သွင်းပြီး သွားလေရာ သယ်ယူသွားရတဲ့ ဒုက္ခတရားတွေအပြင် ဘက်ထရီ ကြောင့် ဖြစ်ပေါ်တတ်တဲ့ အခက်အခဲတွေအားလုံး ကို ပြေလည်သွားစေနိုင်မယ့် နည်းပညာ ဖြစ်သဖြင့် ကုမ္ပဏီကြီးတွေကိုယ်တိုင် က နည်းပညာမူပိုင်ခွင့်တွေ နဲ့ ပြန်လည်အသုံးချခွင့်တွေကို ၀ယ်ယူနိုင်ဖို့ စိတ်ဝင်တစား စောင့်ကြည့် နေကြ တယ် လို့ ဆိုပါတယ်။
အားလုံးလေ့လာနိုင်စေဖို့ အောက်မှာ ဗွီဒီယို ဖိုင် လင့်ပါ ထည့်ပေးလိုက်ပါတယ်။


Video






Credit to ==> Digital Times


<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 
 
 
 
www.pyaephyo.com



0 comments:

Post a Comment