♪ " နေ၀န်းနီအရောင် HTC U11 ကို ကြိုတင်မှာယူနိုင်ပြီ " ♫

Image may contain: phone and text

HTC က အမေရိကန်မှာ HTC U11 ရဲ့ နေ၀န်းနီအရောင်ကို ရောင်းချပေးလိုက်ပါတယ်။ HTC ရဲ့ အမေရိကန်ဝက်ဘ်ဆိုက်မှာ Solar Red လို့ခေါ်တဲ့ နေ၀န်းနီအရောင် စမတ်ဖုန်းကို ပြသထားပါတယ်။ လက်ရှိမှာ ကြိုတင်မှာယူလို့ ရနေပြီဖြစ်ပါတယ်။ 

ဈေးနှုန်းကတော့ အခြားအရောင်များနဲ့ တူညီပြီး 649 ဒေါ်လာဖြစ်ပါတယ်။ HTC U11 ကို အမေရိကန်မှာ လွန်ခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်က စတင်၍ ရောင်းချပေးခဲ့ပြီးလက်ရှိမှာ ကုမ္ပဏီရဲ့ တရားဝင်အွန် လိုင်းစတိုးနဲ့ အခြားကုမ္ပဏီများရဲ့ အရောင်းဆိုင်များ၊ Carriers များကနေ ၀ယ်ယူနိုင်ပါတယ်။ ငွေ၊ အနက်နဲ့ အပြာရောင်များရွေးချယ်နိုင်ပါတယ်။

အခုတော့ နေ၀န်းနီအရောင်ကိုပါ ၀ယ်ယူနိုင်ပြီဖြစ်ပါတယ်။ အမေရိကန်မှာ ကြိုတင်မှာယူခွင့်ပြုပြီး ရက်အနည်းငယ်အတွင်းတွင် HTC က သူ့ရဲ့ဗြိတိန်အွန်လိုင်းစတိုးကနေ U11 ကို ကြိုတင်မှာယူခွင့်ပြုလိုက်ပါ တယ်။ ဗြိတိန်မှာတော့ စတာလင်ပေါင် 649 သတ်မှတ်ထားပြီး အခြားအရောင်များနဲ့ ဈေးနှုန်းတူညီပါတယ်။ ဗြိတိန်မှာတော့ Dual-SIM Model ကို သာရရှိနိုင်ပြီး Single-SIM Model ကို ၀ယ်ယူနိုင်မှာ မဟုတ်ပါဘူး။ ငွေ၊ အနက်နဲ့ အပြာရောင်များ အတွက်တော့ Single-SIM ရရှိမှာဖြစ်ပါတယ်။

ဗြိတိန်မှာ U11 ကို စတင်ပို့ဆောင်ပေးမယ့်နေ့ရက်ကို ကုမ္ပဏီကမကြေညာသေးပါဘူး။ U11 ရဲ့ ထူးခြားတဲ့ စွမ်းရည်မှာ App များကို ဖွင့်ခြင်းလို အလုပ်များကိုလုပ်ဖို့ ဖုန်းရဲ့ဘေးဘက်ကိုညှစ်နိုင်တဲ့ Edge Sense ဖြစ်ပါတယ်။ မကြာခင်မှာ Edge Sense ရဲ့ စွမ်းဆောင်ချက် အသစ်များကို ဖြန့်ချိပေးမှာပါ။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 
www.pyaephyo.com


0 comments:

Post a Comment