♪ Xiaomi Redmi Pro 2 ရဲ့ Specification များ ထွက်ပေါ်လာ ♫


အင်တာနက်မှာ Xiaomi Redmi Pro 2 ရဲ့ သတင်းများ ထွက်ပေါ်လာပါတယ်။ Redmi Pro 2 မှာ မျက်နှာပြင် ဘေးဘောင်မဲ့ ဒီဇိုင်းကို အသုံးပြုထားမယ်လို့လည်း အရင်က သတင်းထွက်ခဲ့ဖူးပါတယ်။ အခုတော့ သူ့ရဲ့ Specification များကို သိရပါပြီ။

Redmi Pro ရဲ့ မျိုးဆက် ဖြစ်တဲ့ Redmi Pro 2 မှာ TCL က ထုတ်လုပ်တဲ့ Full HD LCD Display တပ်ဆင်ထားမယ်လို့ သိရပါတယ်။ ထွက်ပေါ်လာတဲ့ ဓါတ်ပုံအရ Redmi Pro 2 မှာ အနောက် ကင်မရာ နှစ်လုံး တပ်ဆင်ထားမှာ ဖြစ်ပြီး 12 Megapixel Sony IMX362 Primary Sensor နဲ့ 5 Megapixel Samsung S5K4E8 Sensor တို့ ဖြစ်ကြပါတယ်။ အရှေ့ဘက်မှာတော့ 16 Megapixel Samsung S5K3P8 Sensor ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

Redmi Pro 2 မှာ WiFi, Gyroscope, Bluetooth, Magnetometer , Accelerometer တို့လည်း တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ Samsung က ထုတ်လုပ်ထားတဲ့ 3GB RAM ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ မကြာခင်က Qualcomm Snapdragon 660 Processor တပ်ဆင်ထားတဲ့ Redmi Pro 2 ကို ရှောင်မီရဲ့ တရားဝင် ၀က်ဆိုက်မှာ ပြသထားတာကို တွေ့ခဲ့ရပါတယ်။ ရှောင်မီက စွမ်းရည် မြင့်မားစေဖို့အတွက် Redmi Pro ရဲ့ Deca Core Helio X25 အစား Redmi Pro 2 မှာ Snapdragon 660 ဖြင့် အဆင့်မြှင့်ထားတာ ဖြစ်နိုင်ပါတယ်။



Credit to ==>> DigitalTimes.com.mm






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com


0 comments:

Post a Comment