♪ “Xiaomi ရဲ့ စွမ်းဆောင်ရည်သင့် စမတ်ဖုန်းလာမည်” ♫

Image may contain: phone

Xiaomi Helium လို့ မော်ဒယ် အမည်ပေးထားတဲ့ စမတ်ဖုန်းရဲ့ သတင်း အချက်အလက်များအွန်လိုင်းမှာပေါက်ကြားထွက်ပေါ်လာပါတယ်။ စမတ်ဖုန်းများရဲ့ စွမ်းဆောင်ရည်ကိုစစ်ဆေးတဲ့ Geekbench ၀က်ဆိုက်မှာ သူ့ရဲ့ Technical Specification များကို ပြသထားပါတယ်။

Xiaomi Helium ဟာမော်ဒယ် အမည်သာဖြစ်ပြီးအခြားအမည်ဖြင့်ရောင်းချမှာ ဖြစ်ပါတယ်။ အဲဒီအမည် ကိုတော့ မသိရသေးပါဘူး။ ဒါပေမယ့် ရှောင်မီဟာယခင်နှစ်ကရောင်းချခဲ့တဲ့ Mi Max ရဲ့ 32GB Model အတွက်လည်းမော်ဒယ်အမည် Helium နဲ့ 64GB / 128GB Model များအတွက်မော်ဒယ်အမည်ကို Hydrogen လို့ ပေးခဲ့ဖူးပါတယ်။အဲဒီ အတွက် ယခုစမတ်ဖုန်းဟာဒီနှစ်ထဲမှာရောင်းချခဲ့တဲ့ Mi Max 2 ရဲ့
မော်ဒယ် တစ်ခု ဖြစ်နိုင်ပါတယ်။

Xiaomi Helium မှာ 1.40GHz Core ၈ လုံးပါတဲ့ စွမ်းဆောင်ရည်သင့် Qualcomm Snapdragon 617 Chipset ထည့်သွင်းထားပါတယ်။ 3GB RAM ပါတဲ့အတွက် Multitasking ပြုလုပ်ခြင်း၊ ဂိမ်းကစားခြင်းများ အတွက် ကောင်းမွန်ပါတယ်။ Android 7.1.1 Nougat အခြေပြု MIUI 8 ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ Display , Battery , Storage များရဲ့ သတင်းအချက်အလက်များကိုမသိရသေးဘဲမကြာခင်မှာရောင်းချမယ်လို့
မျှော်လင့်ရပါတယ်။ 



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com

0 comments:

Post a Comment