♪ “မြန်မာငွေ ၁၃၅ ၀၀၀ ကျပ်တန် ZTE Blade Spark” ♫

Image may contain: phone

ZTE က မြန်မာငွေ ၁၃၅ ၀၀၀ ကျပ်သာရှိတဲ့ တန်ဖိုးနည်း စမတ်ဖုန်း အသစ်တစ်လုံးကို အမေရိကန်မှာ ရောင်းချပေးလိုက်ပါတယ်။ တန်ဖိုးနည်း စမတ်ဖုန်း ဖြစ်ပေမယ့် လက်ဗွေရာ အာရုံခံ ကိရိယာ တပ်ဆင်ထားပါ တယ်။ အဲဒီ စမတ်ဖုန်းဟာ အမေရိကန်မှာ ရောင်းချတဲ့ ဒုတိယမြောက် Blade Series ဖြစ်ပါတယ်။

ZTE Blade Spark မှာ Qualcomm Snapdragon 425 CPU , 2GB RAM ထည့်သွင်းထားပါတယ်။ စွမ်းဆောင်ရည်နိမ့် စမတ်ဖုန်း ဖြစ်ပေမယ့် ဖုန်းပြောခြင်း၊ စာပို့ခြင်း၊ လူမှုကွန်ရက်များ သုံးခြင်း၊ အပေါ့စား ဂိမ်းများကို ကစားခြင်းများ ပြုလုပ်နိုင်ပါတယ်။ အရှေ့ဘက်မှာ 5MP Camera တပ်ဆင် ထားပြီး အနောက်ဘက်မှာ 13MP Camera ပါပါတယ်။

ZTE Blade Spark မှာ နောက်ဆုံးထုတ် Android Nougat 7.1.1 ထည့်သွင်းပေးထားတာက ထူးခြားပါတယ်။ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်း များမှာတောင် Android Nougat 7.0 ကိုသာ အသုံးပြုနိုင်ပါသေးတယ်။ လက်ဗွေရာ အာရုံခံ စနစ်အတွက် လက်ချောင်း ငါးချောင်းကို မှတ်ပုံတင် ထားနိုင်ပါတယ်။ App များကို လက်ဗွေရာ လုံခြုံရေး စနစ်ဖြင့် ကာကွယ် ထားနိုင်ပါတယ်။

ZTE Blade Spark ကို အမေရိကန်မှာ မိုဘိုင်းအော်ပရေတာ AT&T ရဲ့ ၀က်ဆိုက်ကနေ ရောင်းချပေးလိုက်ပါ တယ်။ မြေပြင် အရောင်းဆိုင်များ ကနေလည်း ၀ယ်ယူနိုင်တယ်လို့ သိရပါတယ်။ 




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com

0 comments:

Post a Comment