♪ "ZTE က Blade V7 Plus ကို မိတ်ဆက်" ♫

Image may contain: phone, screen and text

ZTE က ယခင်နှစ် Mobile World Congress မှာ Blade V7 Series များကို စတင် မိတ်ဆက်ခဲ့ပါတယ်။ အခုတော့ Blade V7 Series အသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။ အဲဒါကတော့ ZTE Blade V7 Plus ဖြစ်ပြီး ယခင် ရောင်းချခဲ့တဲ့ Blade V7 နဲ့ V7 Lite မော်ဒယ်များ ထက် တိုးတက်မှုများ ပါဝင်လာပါတယ်။

ZTE Blade V7 Plus မှာ Hardware အချို့ကို အဆင့်မြှင့်ထားပြီး အစိတ်အပိုင်း အသစ်အချို့ကို ထည့်သွင်းထားပေမယ့်လည်း ZTE Blade V7 Plus မှာ ဒိတ်အောက်နေတဲ့ Specifications များကို ထည့်သွင်းထား ပါတယ်။

ယခင် ရောင်းချခဲ့တဲ့ Blade V7 Smartphone များမှာလို Blade V7 Plus မှာလည်း Android 6.0 Marshmallow ကိုသာ ထည့်သွင်းထားပါတယ်။ 1.3GHz Octa-Core MediaTek Processor မောင်းနှင်ထားပါတယ်။ 2GB RAM , 16GB Internal Storage တပ်ဆင်ထားပါတယ်။ ၅.၂ လက်မ Full HD Display ပါပါတယ်။

အနောက်ဘက်မှာ 13 Megapixel Camera တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ တပ်ဆင်ထားပြီး 2540mAh Battery ပါပါတယ်။ အရှေ့ဘက်မှာ 8 Megapixel Camera တပ်ဆင်ထားပါတယ်။ အဲဒီ စမတ်ဖုန်းကို ရုရှားနဲ့ သြစတြေးလျမှာ မိတ်ဆက်လိုက်တာ ဖြစ်ပြီး လာမယ့် ရက်သတ္တပတ်များအတွင်း အခြားနိုင်ငံများမှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။ 




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com



0 comments:

Post a Comment