♪ " မျက်နှာပြင် (2) ခုပါဝင်သည့် Android စနစ်သုံး Samsung ခေါက်ဖုန်းသစ် ထပ်မံမိတ်ဆက် " ♫

Image may contain: phone

Samsung ကုမ္ပဏီက မျက်နှာပြင်နှစ်ခုပါဝင်ပြီး Android စနစ် အသုံးပြုထားတဲ့ ခေါက်ဖုန်းကို ထပ်မံ မိတ်ဆက်လိုက်ပါတယ်။

တရုတ်ပြည်မှာပဲ ရရှိနိုင်ဦးမှာဖြစ်တဲ့ SM-G9298 ဒါမှမဟုတ် Leader 8 အမည်ရ flip phone မှာ 4.2 လက်မ touch screen မျက်နှာပြင် (2) ခု ပါဝင်ပြီး 4G စနစ်ကိုလည်း ထောက်ပံ့ပေးမှာဖြစ်ပါတယ်။ Snapdragon 821 SoC အသုံးပြုထားပြီး 1920×1080p Super AMOLED display ရုပ်ထွက် ရရှိမှာဖြစ်ပါတယ်။ အနောက်ကင်မရာ 12MP ၊ ရှေ့ကင်မရာ 5MP ထည့်သွင်းပေးထားပြီး ပါဝင်တဲ့ battery ကတော့ 2300 mAh ဘက်ထရီပဲ ဖြစ်ပါတယ်။


RAM 4GB နဲ့ built in storage 64GB ရှိပြီး 256GB အထိ တိုးချဲ့နိုင်ပါတယ်။ ဒီ flip phone က ယခင်ကထွက်ရှိခဲ့တဲ့ W2017 ပုံစံအတိုင်း အပေါ်ပိုင်းမှာ မျက်နှာပြင်နှစ်ခုနဲ့ အောက်ဘက်မှာ ကီးပက်ဖုန်းပုံစံဒီဇိုင်း ထုတ်ထားတာဖြစ်ပါတယ်။ အခုထွက်ရှိလာတဲ့ ဖုန်းကတော့ shiny black premium version အဖြစ် ဖန်တီးထားပြီး ဆင်းကတ် 2 ကတ်သုံးပဲ ဖြစ်ပါတယ်။ 2.15GHz နဲ့ 1.6GHz ပါဝင်တဲ့ quad-core Snapdragon 821 processor အသုံးပြုထားပြီး အခြားဝန်ဆောင်မှုတွေအနေနဲ့ Samsung Pay ၊ S Voice နဲ့ လုံခြုံရေးပိုင်းဆိုင်ရာ folder တွေလည်း ထည့်သွင်းထားပါတယ်။

Fingerprint sensor လည်းပါဝင်တဲ့ ဒီ Android flip phone ရဲ့ ဈေးနှုန်းကိုတော့ အတိအကျ မကြေညာပေးသေးပါဘူး။ ရောင်းချတဲ့အခါမှာလည်း တရုတ်ပြည်တွင်းက China Mobile မှာပဲ ရရှိဦးမယ်လို့ သိရပါတယ်။

gadgets.ndtv.com

သံစဉ်ချို

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com



0 comments:

Post a Comment