♪ LG ရဲ့အရည်အသွေးကောင်းမွန်ပြီးအဆင့်မြင့်တဲ့ စမတ်ဖုန်း “LG Q8” ♫

Image may contain: phone

LG Q8 ဟာ မကြာမီဈေးကွက်ထဲသို့ ရောက်ရှိလာတော့မှာဖြစ်ပြီး LG ကနေ Q6 နဲ့အတူ Q8 ကိုတစ်ပြိုင်နက်တည်း ဝယ်ယူနိုင်တော့ မှာဖြစ်ပါတယ်။ LG Q8 က အရည်အသွေးကောင်းမွန်တဲ့ အဆင့်မြင့် စမတ်ဖုန်းတစ်လုံးဖြစ်ပြီး ဖုန်ဒဏ်နဲ့ ရေဒဏ်တွေကို ခံနိုင်လို့ရေအနက် ၁ မီတာမှာ မိနစ် ၃ဝ ကြာမျှ အသုံးပြုနိုင်ပါတယ်။ အထဲမှာလည်း သင့်တင့် လျောက်ပတ်တဲ့ specs တွေနဲ့ features တွေကို ထည့်သွင်းထားတာ ကြောင့် သုံးစွဲလို့ အဆင်ပြေမှာပါ။

<Design>

ဒီဇိုင်းပုံစံကခေတ်မီဆန်းသစ်ပြီး နောက်ကျောဘက်ဒီဇိုင်းကတစ်မူ ထူးခြားမှု ရှိပါတယ်။ ကိုယ်ထည်က တောင့်တင်းခိုင်မာပြီး ကိုင်တွယ် သုံးစွဲလို့ ကောင်းပါတယ်။ အနောက်ဘက်မှာ Fingerprint Sensor ကို တပ်ဆင်ပေးထားပြီး ဖုန်းအတွင်းရှိ Data တွေကို လုံခြုံစွာ ကာကွယ်ပေး ထားနိုင်ပါတယ်။

<Display>

5.2 inches ရှိတဲ့ မျက်နှာပြင်ကို IPS LCD capacitive touchscreen နဲ့ပြုလုပ်ထားပြီး 1440x2560 pixels စွမ်းအား ရှိတဲ့မြင်ကွင်းတွေကိုပြသ ပေးနိုင်ပါတယ်။ ၁ လက်မအတိုင်းအတာမှာတော့ 564ppi pixels သိပ်သည်းဆပမာဏရှိပါတယ်။

<Processor>

တိကျလျင်မြန်တဲ့ လုပ်ဆောင်ချက်တွေအတွက် Qualcomm MSM8996 Snapdragon 820 Chipset နဲ့ Quad-core processor တို့က အပြည့်အဝထောက်ပံ့ပေးထားပြီး ရုပ်ထွက်ပိုင်းအတွက်လည်း Adreno 530 GPU ကို ထည့်သွင်းပေးထား ပါတယ်။

<Performance>

၎င်းကို GSM,HSPA နဲ့ LTE networks တွေမှာ အသုံးပြုနိုင်ပြီး Nano SIM card အမျိုးအစားကို ထည့်သုံးနိုင်ပါတယ်။ အနောက်ကင်မရာက Dual 13 MP + 8MP ပါရှိတဲ့အတွက် အရည်အသွေးအမြင့်မားဆုံး ဓာတ်ပုံတွေနဲ့ဗီဒီယိုတွေကို ရိုက်ကူး နိုင်ပါတယ်။ ဖုန်းရဲ့ဘက်ထရီစွမ်းအား ပိုင်းအတွက် Non-removable Li-Ion 3000 mAh battery ကို ထောက်ပံ့ ထားပါတယ်။

<Specification>

Display : 5.2-inch, IPS LCD Capactive Touchscreen Memory : 32GB,4GB RAM
Camera : 13MP+8MP, Laser autofocus, Dual-LED Flash OS : Android 7.0 (Nougat)



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 
www.pyaephyo.com



0 comments:

Post a Comment