♪ “သြဂုတ်လ ၁၁ ရက်နေ့မှာ MIUI 9 ရရှိမယ့် Xiaomi Mi 6 နဲ့ Redmi Note 4X” ♫

Image may contain: phone and screen

Xiaomi က Mi 5X နဲ့အတူ MIUI 9 ကိုမကြာခင်ကမိတ်ဆက်ခဲ့ပါတယ်။ Mi 5X ဟာ MIUI 9 ထည့်သွင်း ထားတဲ့ ပထမဆုံးစမတ်ဖုန်းဖြစ်ပါတယ်။ အခုတော့ ရှောင်မီက Mi 6 နဲ့ Redmi Note 4X တို့အတွက် MIUI 9 ကိုသြဂုတ်လ ၁၁ ရက်နေ့မှာဖြန့်ချိပေးတော့မှာဖြစ်တယ်လို့ MyDrivers က သတင်းပေးထားပါတယ်။

MyDrivers က MIUI 9 ကို ဖြန့်ချိမယ့် ရှောင်မီရဲ့ အနာဂတ် အစီအစဉ်ကိုလည်းပြောကြားထားပါတယ်။ စုစုပေါင်း Device ၁၇ လုံးကို MIUI 9 ဖြန့်ချိပေးမှာပါ။

ရှောင်မီက သြဂုတ်လ ၂၅ ရက်နေ့မှာဒုတိယအသုတ်အနေဖြင့်Mi Mix, Mi Note 2, Mi 5, Mi 5s, Mi 5s Plus, Mi 5c, Mi Max 2, Mi Max, Mi 4s, Mi Note နဲ့Mi 4Xတို့အတွက် MIUI 9 ကို ဖြန့်ချိပေးမှာ ဖြစ်ပါတယ်။ တတိယအသုတ် အနေဖြင့် စက်တင်ဘာလမှာစွမ်းဆောင်ရည်နိမ့် စမတ်ဖုန်းများ ဖြစ်တဲ့ Redmi 2A နဲ့ Redmi 1/1S တို့အတွက် MIUI 9 ကို ဖြန့်ချိပေးမှာပါ။ 



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com



0 comments:

Post a Comment