Internet Download Manager 6.28 Build 1 (Full Cracked, No Patch or Crack Need)



 Mar 22, 2017 နေ့က ထွက်တဲ့ Internet Download Manager Latest Update Version ပါ...

 Patch, Crack, Serial Key တွေ ထည့်ပေးစရာမလိုပါဘူး... Download & Install လုပ်ပေးရုံပါပဲခင်မျာ...။


What’s new in version 6.28 Build 1  (Released: Mar 22, 2017)


*Improved IDM download engine

*A new type of extension for Firefox (webextension) has been created that supports 

*multiprosess Firefox feature (e10s)

*Added support for Firefox 53, 54, 55

*Improved video recognition in web players

*Fixed bugs





Internet Download Manager v6.28 Build 1 (Full Cracked, No Patch or Crack Need)



Just Download & Install !









Enjoy!



Post By: WinKabarKyaw





comments

ALL latest Model 2017 Frp Tool



LENOVO, XIAOMI, MOTOROLA, YUPHORIA, MICROMAX နှင့် အခြားဖုန်းတော်တော်များများကို FRP Lock ကို ဖျက်ပေးနိုင်တဲ့ Tool ဖြစ်ပါတယ်..။


ALL latest Model 2017 Frp Tool Download..!

Made by mobile Guru..Team.

its work on..:-
LENOVO,XIAOMI,MOTOROLA,YUPHORIA,MICROMAX AND
Others models..

How to work :-

you need enter in Fastboot mode Or adb Mode..
in your handset....

and plug in data cable
and chose your options



Click Here to Download


(or)


Download Here




comments

♪ “Samsung Galaxy S8 တွင် မျက်နှာခွဲခြမ်းစိတ်ဖြာတဲ့ နည်းပညာ ပါဝင်လာမည်” ♫

Image may contain: phone and text

ယခင်တစ်ပတ်ကထွက်ပေါ်ခဲ့တဲ့ သတင်းအရမကြာခင် မိတ်ဆက်တော့မယ့် Samsung Galaxy S8 မှာမျက်နှာခွဲခြမ်းစိတ်ဖြာတဲ့ နည်းပညာပါလာမှာ ဖြစ်ပြီးဖုန်းကို Unlock ပြုလုပ်နိုင်မယ်လို့ သိရပါတယ်။ အခုတော့ အဲဒီ နည်းပညာဖြင့် မိုဘိုင်းဖုန်းကနေငွေပေးချေမှုများ ပြုလုပ်နိုင်မယ်လို့ အခြား သတင်းတစ်ပုဒ်ကဆိုပါတယ်။

ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းများအရ Samsung Galaxy S8 မှာ Samsung Pay လိုမိုဘိုင်းငွေပေးချေမှု ၀န်ဆောင်မှု များကို အသုံးပြုနိုင်မယ့် လက်ဗွေရာ၊ မျက်လုံးနဲ့ မျက်နှာ ခွဲခြမ်း စိတ်ဖြာတဲ့ နည်းပညာအားလုံးပါလာမယ်လို့ ဆိုပါတယ်။ Samsung က S8 ကိုအဲဒီနည်းပညာ ၃ ခုစလုံးပါတဲ့ ပထမဆုံးစမတ်ဖုန်းဖြစ်အောင် ဖန်တီးထား မှာ ဖြစ်ပါတယ်။

Samsung က လာမယ့် လများအတွင်းမှာမျက်နှာ ခွဲခြမ်း စိတ်ဖြာတဲ့ နည်းပညာကိုအကောင်အထည်ဖော် နိုင်အောင် ဘဏ်များနဲ့ ပူးပေါင်းလုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ ဇန်န၀ါရီလမှာ Samsung Galaxy S8 အတွက် 6GB RAM/128GB Storage Model ကိုထုတ်လုပ်ပေးမယ်လို့ သတင်းထွက်ခဲ့ပါတယ်။ အခုတော့ အဲဒီမော်ဒယ်ကိုတောင်ကိုရီးယားမှာ သာရောင်းချမယ်လို့ ထပ်မံသတင်းထွက်လာပါတယ်။

အဲဒီသတင်းကို တရုတ် နိုင်ငံ HIS ရဲ့ သုတေသနဒါရိုက်တာ ဖြစ်သူ Kevin Wong က တရုတ် လူမှု ကွန်ရက် Weiboမှာကြေညာခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ပို့စ်အရ နိုင်ငံတကာ မှာရောင်းချမယ့် မော်ဒယ်မှာ 4GB RAM သာထည့်သွင်းထားမယ်လို့ သိရ ပါတယ်။ Samsung ကတော့ အဲဒီသတင်းများကို တရားဝင် အတည်ပြု ထားခြင်း မရှိသေးပါဘူး။ ယခုလ ၂၉ ရက်နေ့မှာ Samsung က Galaxy S8 ကိုမိတ်ဆက်တော့မှာ ဖြစ်ပါတယ်။



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com
comments

♪ Android O ရဲ့ အကောင်းဆုံး စွမ်းဆောင်ချက်များ ♫

https://i0.wp.com/digitaltimes.com.mm/wp-content/uploads/2017/03/android-o-logo-nexus-6p.jpg?fit=800%2C450&ssl=1

Google က နောက်မျိုးဆက် Android O ရဲ့ Developer Preview ကို မိတ်ဆက်လိုက်ပါတယ်။ Android O မှာ စွမ်းဆောင်ချက် အသစ်များ ပါလာတဲ့အတွက် Android Users များအတွက်တော့ ရင်ခုန်စရာ ကောင်းပါတယ်။ ဒါ့အပြင် ယခင် OS များမှာ ထည့်သွင်းပေးခဲ့တဲ့ စွမ်းဆောင်ချက်များကိုလည်း ပိုမိုကောင်းမွန်အောင် အဆင့်မြှင့်ထားပါတယ်။ Android O ရဲ့ စွမ်းဆောင်ချက် အသစ်များကို အောက်မှာ လေ့လာပါ။

၁။ Background Limits
Google က Doze နဲ့ Doze on the Go ကို Marshmallow နဲ့ Nougat မှာ အသီးသီး မိတ်ဆက်ခဲ့ပါတယ်။ ဘက်ထရီ သက်သာစေတဲ့ အဲဒီ စွမ်းဆောင်ချက်ကို Android O မှာ အဆင့်မြှင့်ပေးလိုက်ပြီး Background Limits ကို အသစ်ထည့်ပေးလိုက်ပါတယ်။ သူက စွမ်းအင် အလွန်အကျွံ အသုံးပြုတဲ့ Apps များကို ကိုင်တွယ်မှာပါ။ သူက နောက်ကွယ်မှ ဗီဒီယိုများ၊ Services များနဲ့ ဖုန်းရဲ့ တည်နေရာကို အွန်လိုင်းသို့ ပေးပို့နေခြင်းများကို ကန့်သတ်မှာပါ။

၂။ Notification Channels
Google က Android ရဲ့ Notification ကို အစဉ် အဆင့်မြှင့်ပေးနေပါတယ်။ Android O မှာလည်း Notification များကို ကဏ္ဍများဖြင့် ခွဲခြားပြသမယ့် Notification Channels ကို မိတ်ဆက်လိုက်ပါတယ်။ ဥပမာအားဖြင့် App တစ်ခုရဲ့ နည်းပညာနဲ့ ပတ်သက်တဲ့ Notification များကို ပိတ်ပင်ထားနိုင်ပြီး သတင်းနဲ့ ပတ်သက်တာတွေရဲ့ Notification များကို ပြသခိုင်းနိုင်ပါတယ်။

၃။ Autofill APIs
Android O မှာ Users များက Username , Password များ ဖြည့်ပေးမယ့် Apps များကို သတ်မှတ်လာနိုင်တဲ့အတွက် အလုပ်ရှုပ်မှုများကို လျှော့ချပေးပါတယ်။ အဲဒီ စွမ်းဆောင်ချက်ကို Developer များက သူတို့ရဲ့ Apps များမှာ ထည့်သွင်းနိုင်မှာပါ။

၎။ Picture in Picture Mode


Android မှာ Split-Screen Mode ဖြင့် App ၂ ခုကို တစ်ပြိုင်နက် အသုံးပြုနိုင်ပါတယ်။ အခုတော့ Google က Picture in Picture Mode ဖြင့် အားဖြည့်လိုက်ပါတယ်။ ဥပမာအားဖြင့် ရုပ်ရှင်ကြည့်နေရင်းကနေ မိတ်ဆွေနဲ့ ဖုန်းပြောနိုင်မှာ ဖြစ်ပါတယ်။ Users များက App Window ရဲ့ Aspect Ratio ကို သတ်မှတ်နိုင်မှာပါ။

၅။ Font Resources in XML
Apps များမှာ နှစ်သက်တဲ့ ဖောင့် စတိုင်နဲ့ အရွယ်အစားကို သီးခြားစီ သတ်မှတ်နိုင်ပါပြီ။ Developer များက သူတို့ရဲ့ Apps များအတွက် ဖောင့်များကို XML Layouts မှာ ပြင်ဆင်သတ်မှတ်နိုင်ပါတယ်။

၆။ Keyboard Navigation
Android O မှ ကီးဘုတ်များဟာ Navigate လုပ်ရာမှာ ပိုမိုကောင်းမွန်တဲ့ ခန့်မှန်းမှုများကို ပြုလုပ်လာနိုင်ကြပါပြီ။ Google က Keyboard Navigation အတွက် ကြိုတင်ခန့်မှန်းနိုင်တဲ့ Models အသစ်များကို ဖန်တီးပေးထားတယ်လို့ ပြောပါတယ်။

၇။ AAudio API for Pro Audio
Android O မှာ Apps များအတွက် စွမ်းရည်မြင့်မားပြီး အင်တာနက် အသုံးပြုမှုကို လျှော့ချပေးတဲ့ AAudio API ပါလာပါတယ်။

၈။ WebView Enhancements

Android O မှာ WebView Components အတွက် Multiprocess Mode ပါလာပြီး Developer များက သူတို့ရဲ့ Errors များ၊ Crashes များကို ကိုယ်တိုင် ကိုင်တွယ်နိုင်တဲ့ API ကို ထုတ်ပေးလိုက်ပါတယ်။ အဲဒီအတွက် Web Development Languages ကို အသုံးပြုတဲ့ Apps များဟာ ပိုမို တည်ငြိမ်လာပြီး လုံခြုံလာပါတယ်။ Users များကလည်း Remote URLs များအတွက် Google Safe Browsing ရဲ့ အကျိုးကို ခံစားရမှာပါ။

၉။ Java 8 Language APIs နဲ့ Runtime Optimization
Android O မှာ Java Language APIs အသစ်များကို ထည့်သွင်းပေးလိုက်သလို Runtime ကလည်း အရင်ကထက် ၂ ဆ ပိုမို မြန်ဆန်လာပါတယ်။



Credit to ==> Digital Times






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com
comments

♪ ရွှေ ၂၄ ကာရက် ထည့်သွင်းထားတဲ့ HTC One M7 ♫

https://i1.wp.com/digitaltimes.com.mm/wp-content/uploads/2017/03/HTC-One-M7-Gold-View.jpg?fit=800%2C538&ssl=1

မိုဘိုင်းဖုန်း ကို ရွှေရောင်လှလှကလေး နဲ့ သုံးစွဲချင်သူတွေက Gold Color, Rose Gold စသဖြင့် ၀ယ်ယူပြီး ကိုင်တွယ်ခဲ့ရပေမယ့် တကယ့်ရွှေအစစ် မဟုတ်တဲ့အတွက် အချိန်တန်ရင် အရောင်မှိန်သွားပြီး အရည်အသွေး လျော့သွားလေ့ရှိပါတယ်။ ပရိတ်သတ်တွေ စိတ်ကြိုက်ဖြစ်စေမယ့် HTC ရဲ့ One M7  ကတော့ အဲဒီ အခက်အခဲကို ဖြေရှင်း ပေးလိုက်ပါတယ်။

လက်ရှိအချိန်မှာ အမေရိကားဈေးကွက် နဲ့ ဥရောပဈေးကွက်မှာပဲ ရောင်းချနေသေးပေမယ့် သိတ်မကြာခင် မှာပဲ အိန္ဒယအပါအ၀င် အရှေ့အာရှဈေးကွက်ကို ရောက်ရှိလာမယ် လို့ ခန့်မှန်းထားကြတဲ့ HTC one M7 ကို ရွှေ အစစ် ထည့်သွင်းထားတယ် လို့ ဆိုပါတယ်။ စုစုပေါင်း ရွှေကာရက် “၂၄” ကာရက် ပါဝင်မှာ ဖြစ်တဲ့ OneM7 ဟာ အခုအချိန်မှာ ကုမ္ပဏီ နဲ့ အ၀ယ်တော်တွေဆီကို ဖြစ်စေ အမှာစာ ပေးပို့ပြီး ရယူနိုင်ပါတယ်။ HTC ကုမ္ပဏီကနေ တိုက်ရိုက် Offer ပေးခဲ့တာဖြစ်ပြီး မှာကြားချိန် ကနေ ပြုလုပ်ချိန်ပြီးစီးသည်အထိ တော့ အချိန်အနည်းငယ် စောင့်ဆိုင်းရမယ် လို့ ဆိုပါတယ်။

OneM7 ဟာ ၄.၇ လက်မ မျက်နှာပြင် ရှိပြီး 1080 x 1920 အရည်အသွေး ရှိပါတယ်။ quad-core 1.7 GHz ကို ထည့်သွင်းထားပြီး RAM ကတော့ 2GB ဖြစ်ပါတယ်။ အတွင်း သိုလှောင်နိုင်စွမ်း က 32GB/64GB ၂ မျိုး ထုတ်လုပ်ပေးထားပြီး လိုင်းစွဲအားအကောင်းဆုံး ဟန်းဆက်တစ်ခု ကို ရရှိစေမှာ ဖြစ်တယ် လို့ ကုမ္ပဏီ က ညွှန်းဆိုထားပါတယ်။ Android 5.0 OS ကိုပဲ သုံးစွဲထားတဲ့အတွက် OS ပိုင်း နိမ့်တယ် လို့ ဆိုလို့ရနိုင်ပေမယ့် အချိန်မရွေး update ပြုလုပ်နိုင်အောင် စီစဉ်ပေးထားပါတယ်။

အဓိကအားဖြင့် Luxury Phone တစ်ခု ဖြစ်လာဖို့ ကြိုးပမ်းနေတဲ့ HTC ရဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ပိုပြီး ရုပ်လုံးကြွစေတဲ့ ဖုန်းတစ်လုံး ဖြစ်တဲ့အားလျော်စွာ Specs ပါဝင်မှုအပိုင်းကတော့ မဆိုစလောက်ကလေး လျော့ပါးတယ် လို့ သိရပါတယ်။



Credit to ==> Digital Times






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com
comments

TTA FRP HELP APK


============
Browser sign လုပ်ဖို့အစက်သုံးစက်ပျောက်နေသူများအတွက်
Quick Shortcut Maker မလို
Google Account Manager လိုက်ရှာဒေါင်းနေဖို့မလို
Browser ကနေ bit.ly/ttafrp2 လို့ရိုပြီးဒေါင်းလိုက်ရုံပါပဲ အဓိကက Browser ဝင်နိုင်ပြီးဆိုရင် ဒီ apk ဒေါင်း frp ဖြုတ်ပြီလို့သာမှတ်
http://bit.ly/ttafrp2

၁။ မိမိဖုန်း Version အလိုက်ပေးထားတဲ့ Google Account Manager app ကိုနှိပ်ပြီး Install ပါ။
၂။ Browser Signin ကိုနှိပ်ပါ > ညာဖက်အပေါ်က အစက်သုံးစက်ကိုနှိပ်ပြီး Browser Sign In နှိပ်ပါ gmail ရိုက်ထည့်ပါ ပြီးလျှင်ဖုန်းပိတ်ပြီးပြန်ဖွင့်ပါ
၃။ FRP Remove done !!!
comments

♪ ဘယ်သူမှ မ၀ယ်ချင်တဲ့ သိန်း ၂၂၀ တန် မိုဘိုင်းဖုန်း ♫

https://i2.wp.com/digitaltimes.com.mm/wp-content/uploads/2017/03/sirin-solarin-840x630.jpg?fit=800%2C600&ssl=1

2016 ခုနှစ် မေလ မှာ Sirin Labs လို့ ခေါ်တဲ့ အစ္စရေး အခြေစိုက် ကုမ္ပဏီ တစ်ခု ဟာ ဒေါ်လာ ၇၂ သန်း ရင်းနှီးမြုပ်နှံခဲ့ပြီး မိုဘိုင်းဖုန်း ဈေးကွက်ထဲကို ၀င်ရောက်လာခဲ့ပါတယ်။ ရင်းနှီးမြုပ်နှံခဲ့မှု ရဲ့ အကျိုးဆက်အဖြစ် အဖြစ် Android ကို အခြေခံတဲ့ စမတ်ဖုန်းတစ်ခု ကို အောင်အောင်မြင်မြင်နဲ့ ထုတ်လုပ်နိုင်ခဲ့ပါတယ်။ နောက်ဆက်တွဲသတင်း အရ တော့ အဲဒီဖုန်း ကို ဘယ်သူမှ ၀ယ်လိုစိတ် မရှိဘူး လို့ သိရပါတယ်။

အဲဒီဖုန်းကို Solarin Mobile Phone လို့ အမည်ပေးထားပါတယ်။ အခွန်ဆောင်မှု အပြီးအစီး အပါအ၀င် ဒေါ်လာ ၁၆၀၀၀ နဲ့ ရောင်းချဖို့ ဈေးကွက်တင်ခဲ့တဲ့အတွက် မြန်မာငွေ နဲ့ တွက်ချက်ကြည့်မယ် ဆိုရင် သိန်း ၂၂၀ ကျော်တန်ကြးရှိပါတယ်။ လက်ရှိဈေးကွက်မှာ နာမည်ကျော်တွေ ဖြစ်ကြတဲ့ ဆမ်ဆောင်း၊ အိုင်ဖုန်းတို့တောင်မှ ဒေါ်လာ ၁၀၀၀ ၀န်းကျင်မျှသာ ရှိနေကြပြီး လက်ရှိ ကမ္ဘာမှာဒေါ်လာ သောင်းကျော်တန် မိုဘိုင်းဖုန်း ဈေးကွက် မပေါ်ပေါက်သေးဘူး လို့ ဝေဖန်သူတွေ က ဆိုပါတယ်။

၅.၅ လက်မ မျက်နှာပြင် နဲပ Android စနစ် သုံး Solarin မိုဘိုင်းဖုန်း ဟာ Android 5.1 OS ကို သုံးစွဲထားပါတယ်။ Qualcomm Snapdragon 810 processor နဲ့ အလုပ်လုပ်ပါတယ်။ ဒီဇိုင်း အဆင်အပြင် က တော်တော်လေး လှပြပြီး အနာဂတ်မိုဘိုင်းဖုန်းတွေ ရဲ့ ရှေ့ပြေး နမူနာ လို့ ပြောလို့ရမယ့် အထိ ကို ခန့်ခန့်ထည်ထည် လေး ရှိပါတယ်။ ကင်မရာပိုင်းကတော့ တော်တော်လေး လန်းပြီး 23MP rear camera ကို အနောက်ဘက် မြင်ကွင်းတွေ အတွက် သုံးစွဲထားပါတယ်။

ထူးဆန်းလွန်းလှတဲ့ ဈေးနှုန်း ရှိခဲ့တဲ့အတွက် အယ်ဒီတာတွေ နဲ့ မိုဘိုင်းဖုန်း ကျွမ်းကျင်သူတွေ က ၀ိုင်းဝန်းကူညီပြီး အင်တာနက် နဲ့ အွန်လိုင်းပေါ်မှာ ကြော်ငြာပေးခဲ့ကြပေမယ့် ဈေးကွက်မှာ လှုပ်လှုပ်ခတ်ခတ် မရှိခဲ့ပါဘူး။ ကုမ္ပဏီရဲ့ အစီရင်ခံစာ မှာ ကမ္ဘာဈေးကွက်မှာ ၂၀၁၇ ခုနှစ်အတွင်း ၁၀ သန်း ရောင်းချရဖို့ မှန်းဆထားပေမယ့် တကယ်တမ်းစာရင်း အရ အလုံးရေ ၇၅၀ လောက်ပဲ ရောင်းချခဲ့ရပါတယ်။

စစ်တမ်းကောက်ကြည့်လိုက်တဲ့အခါမှာလည်း နည်းပညာမြင့် မိုဘိုင်းဖုန်းအတွက် လည်း စိတ်ဝင်စားမှု မခံရသလို luxury ပစ္စည်းတွေအတွက် ဆိုရင်လည်း Solarin ဟာ အလွန်ဈေးကြီးလွန်းနေပါတယ်။ အဲဒီ အတွက် Sirin Labs ဟာ သိတ်မကြာခင်မှာပဲ Solarin ပရောဂျက်ကို ရပ်ဆိုင်းလိုက်ဖို့ ရှိနေတယ် လို့ သတင်းတွေ က ဆိုပါတယ်။










Credit to ==> Digital Times






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com
comments

♪ ဟက်ကာများရဲ့ ငွေညှစ်ခံနေရတဲ့ Apple ♫

https://i0.wp.com/digitaltimes.com.mm/wp-content/uploads/2017/03/Screen-Shot-2017-03-21-at-15.04.42-796x398.jpg?fit=800%2C450&ssl=1

ဟက်ကာ အုပ်စုတစ်ခုက iCloud နဲ့ Apple အီးမေး အကောင့်များ အပါအ၀င် iPhone များစွာရဲ့ ဒေတာများကို ခိုးယူထားပြီး Apple ကို ငွေညှစ်နေပါတယ်။ ဟက်ကာများက သူတို့ အဖွဲ့အမည်ဟာ Turkish Crime Family လို့ ပြောပါတယ်။ သူတို့က ဒစ်ဂျစ်တယ် ငွေကြေး Bitcoin ကို ဒေါ်လာ ၇၅ ၀၀၀ ဖိုးတောင်းဆိုနေကြပါတယ်။ ဒါမှမဟုတ် လူသိနည်းတဲ့ Ehereum ကို အလိုရှိနေကြပါတယ်။ ဒါ့အပြင် သူတို့က ဒေါ်လာ ၁၀၀ ၀၀၀ တန်ကြေးရှိတဲ့ iTunes Gift Card များကိုလည်း တောင်းဆိုထားပါတယ်။

ဟက်ကာများက Apple လုံခြုံရေး အဖွဲ့နဲ့ သူတို့ ဆက်သွယ်ထားတဲ့ Screenshots များနဲ့ ကုမ္ပဏီကို ဆက်သွယ်တဲ့ အီးမေးလိပ်စာကိုလည်း လူသိအောင် မျှဝေထားပါတယ်။ ဟက်ကာများက အသက်ကြီး အမျိုးသမီးတစ်ဦးရဲ့ အကောင့်ထဲသို့ ဖောက်ထွင်းဝင်ရောက်ထားတဲ့ YouTube Video ကို ကုမ္ပဏီအား ပြသခဲ့တယ်လို့ သိရပါတယ်။ ဗီဒီယိုထဲမှာ အမျိုးသမီးရဲ့ ဓါတ်ပုံများစွာ ရှိပြီး ဟက်ကာများက အမျိုးသမီးရဲ့ ဖုန်းမှ အရာများအားလုံးကို အဝေးကနေ ဖျက်ဆီးပစ်နိုင်တယ်လို့ သိရပါတယ်။

Apple က သူ့ရဲ့ ဆော့ဖ်ဝဲ လုံခြုံရေး ဟာကွက်များကို ထောက်ပြတဲ့ လူများအား ဆုငွေချီးမြှင့်တဲ့ အစီအစဉ်ကို ပြုလုပ်ပေးထား သူ့ရဲ့ မူဝါဒအရ ဆိုက်ဘာ ရာဇ၀တ်သားများအား ဆုငွေချီးမြှင့်ခြင်းမှာ မဟုတ်ဘူးလို့ ကုမ္ပဏီက ပြောပါတယ်။ ဟက်ကာများက Apple ကို ဖိအားထပ်ပေးတဲ့ အနေနဲ့ ဧပြီလ ၇ ရက်နေ့အတွင်းမှာ ငွေ မပေးလျှင် iCloud အကောင့်များစွာကို ဖျက်ဆီးပစ်မယ်လို့ ပြောပါတယ်။ ဟက်ကာများက အကောင့်ပေါင်း ၅၅၉ သန်းကို ဖောက်ထွင်းထားနိုင်ပြီလို့ ပြောပါတယ်။



Credit to ==> Digital Times






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com
comments

♪ အင်တာနက်ပေါ် သုံးစွဲသူများ အပျင်းပြေစေမယ့် ဝက်ဘ်ဆိုက် ၁၆ ခု ♫


အင်တာနက် သုံးစွဲသူတွေ တစ်ခါတလေမှာ စိတ်ရှုပ်စရာ အကြောင်းအရာတွေကနေ အာရုံလွှဲနိုင်ဖို့အတွက် အပျင်းပြေသုံးစွဲနိုင်မယ့် ဝက်ဘ်ဆိုက် ၁၆ ခု ဖြစ်ပါတယ်။
၁ – Staggering Beauty

Staggering Beauty ဝက်ဘ်ဆိုက်ဟာ ဝက်ဘ်စာမျက်နှာပေါ်မှာရှိတဲ့ အနက်ရောင် တီကောင်ကို mouse pointer နဲ့ ကစားနိုင်မယ့် ဝက်ဘ်ဆိုက် တစ်ခုဖြစ်ပါတယ်။ ဒီဆိုက်ကို အသုံးပြုဖို့အတွက် flash လိုအပ်မှာဖြစ်ပါတယ်။
ဝက်ဘ်ဆိုက်ကို အသုံးပြုရန် ဒီနေရာကို နှိပ်ပါ။
၂ – Sanger

မော်နီတာ မျက်နှာပြင်ကို အချိန်ပြည့် လျှာနဲ့လျက်နေတဲ့ ချစ်စရာကောင်းတဲ့ ခွေးတစ်ကောင်ကို ဖော်ပြပေးထားတဲ့ ဝက်ဘ်ဆိုက်ဖြစ်ပါတယ်။
ဝက်ဘ်ဆိုက်ကို အသုံးပြုရန် ဒီနေရာကို နှိပ်ပါ။
၃ – Cat Bounce

ကြောင်လေးတွေကို mouse နဲ့ ကလစ်နှိပ်ပြီး ဆွဲကာ ခုန်နေစေဖို့အတွက် ပြုလုပ်ထားတဲ့ ဝက်ဘ်ဆိုက်တစ်ခု ဖြစ်ပါတယ်။
ဝက်ဘ်ဆိုက်ကို အသုံးပြုရန် ဒီနေရာကို နှိပ်ပါ။
၎ – Sad for Japan

ရေပူဖောင်းအသံကို ထည့်သွင်းပြီး ပန်းရောင်နဲ့ အနီရောင်ရောစပ်ကာ ပြုလုပ်ထားတဲ့ ပူဖောင်းပုံကို ဂျပန်နိုင်ငံ အလံအရောင်ဖြစ်စေရန် ကစားရမယ့် ဂိမ်းဖြစ်ပါတယ်။
ဝက်ဘ်ဆိုက်ကို အသုံးပြုရန် ဒီနေရာကို နှိပ်ပါ။
၅ – Filler

ပြန်လည်ခုန်တက်နေတဲ့ အလုံးလေးကို အောက်ခြေသို့မကျစေရန်အတွက် ဘောလုံးဖြင့် ထိန်းချုပ်ပြီး ကစားရမှာ ဖြစ်ပါတယ်။
ဝက်ဘ်ဆိုက်ကို အသုံးပြုရန် ဒီနေရာကို နှိပ်ပါ။
၆ – I Love You Like A Fat Lady Loves Apples

ထိုင်နေတဲ့ အမျိုးသမီးကြီးဆီကို ပန်းသီးကိုလှိမ့်ပြီး ပစ်ပေးလိုက်တဲ့အခါမှာ အမျိုးသမီးကြီးက ပန်းသီးကို ကောက်ကာ ပါးစပ်နား ထိရောက်စေရန် ထိန်းပြီးစားရအောင် ဖန်တီးပြုလုပ်ထားပါတယ်။
ဝက်ဘ်ဆိုက်ကို အသုံးပြုရန် ဒီနေရာကို နှိပ်ပါ။
၇ – Acrobats

တစ်ခုနဲ့ တစ်ခု သတ်မှတ်ထားတဲ့ ဧရိယာအတွင်းမှာ ချိတ်ဆက်ကာ တစ်ခုချင်းစီ ပြုတ်မကျစေရန်အတွက် ချိတ်ဆက်ကစားရမယ့် ဂိမ်းဝက်ဘ်ဆိုက် ဖြစ်ပါတယ်။
ဝက်ဘ်ဆိုက်ကို အသုံးပြုရန် ဒီနေရာကို နှိပ်ပါ။
၈ – Hacker Type

ကြိုက်နှစ်သက်တဲ့ keyboard ပေါ်က key ကို နှိပ်တာနဲ့ programming code တွေကို ဖော်ပြပေးနေမယ့် ဝက်ဘ်ဆိုက် တစ်ခုဖြစ်ပါတယ်။
ဝက်ဘ်ဆိုက်ကို အသုံးပြုရန် ဒီနေရာကို နှိပ်ပါ။
၉ – Feed the Head

ဦးခေါင်းအနီးမှာ ကလစ်နှိပ်ပြီး ကစားရမယ့် ဂိမ်းဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့နေရာကို မှန်ကန်အောင် နှိပ်ပါက ခေါင်းဟာ လှုပ်ရှားမှုများကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။
ဝက်ဘ်ဆိုက်ကို အသုံးပြုရန် ဒီနေရာကို နှိပ်ပါ။
၁၀ – Poptropica

Online RPG ဂိမ်းဝက်ဘ်ဆိုက်ဖြစ်ပြီး အဆိုပါ ဝက်ဘ်ဆိုက်ပေါ်ကနေ ဂိမ်းအမျိုးအစားပေါင်းများစွာကို ကစားနိုင်ဖို့အတွက် စီစဉ်ပေးထားပါတယ်။
ဝက်ဘ်ဆိုက်ကို အသုံးပြုရန် ဒီနေရာကို နှိပ်ပါ။
၁၁ – Cookie Clicker

Cookie ပေါ်မှာ ကလစ်များနှိပ်ပြီး level တက်အောင် ကစားရမယ့် ဂိမ်းဖြစ်ပါတယ်။ Cookie အရေအတွက်ပေါင်း များစွာရရှိအောင် ကစားရမယ့် ဂိမ်းဖြစ်ပါတယ်။
ဝက်ဘ်ဆိုက်ကို အသုံးပြုရန် ဒီနေရာကို နှိပ်ပါ။
၁၂ – Songza

Songza ဆိုတဲ့ ဝက်ဘ်ဆိုက်ဟာ သီချင်းတွေကို အခမဲ့ streaming နားထောင်နိုင်မယ့် ဝက်ဘ်ဆိုက်တစ်ခု ဖြစ်ပါတယ်။
ဝက်ဘ်ဆိုက်ကို အသုံးပြုရန် ဒီနေရာကို နှိပ်ပါ။
၁၃ – The Nicest Place on the Internet

ကမ္ဘာတစ်လွှားမှ လူများ ကင်မရာကိုပွေ့ဖက်ပြီး တစ်ယောက်နဲ့ တစ်ယောက် ပွေ့ဖက်တဲ့ခံစားမှုကို ရရှိစေရန် ကြည့်ရှုနိုင်မယ့် ဝက်ဘ်ဆိုက်တစ်ခုဖြစ်ပါတယ်။
ဝက်ဘ်ဆိုက်ကို အသုံးပြုရန် ဒီနေရာကို နှိပ်ပါ။
၁၄ – Flame Painter

Mouse ကိုရွေ့လျားပြီး မီးလျှံများနဲ့ ဆေးချယ်ရမယ့် ဝက်ဘ်ဆိုက်တစ်ခုဖြစ်ပါတယ်။ ဒီဆိုက်ကို အသုံးပြုမယ်ဆိုရင် Flash player 10.0.0 တော့လိုအပ်မှာဖြစ်ပါတယ်။
ဝက်ဘ်ဆိုက်ကို အသုံးပြုရန် ဒီနေရာကို နှိပ်ပါ။
၁၅ – Into time

Mouse click နှိပ်ပြီး ဝက်ဘ်ဆိုက်ပေါ်မှာ ဆွဲနေလျှင် အကွက်တစ်ကွက် ချင်းစီဖြစ်ပြီး အရောင်များကို ခွဲခြားနိုင်မယ့် ဝက်ဘ်ဆိုက် ဖြစ်ပါတယ်။
ဝက်ဘ်ဆိုက်ကို အသုံးပြုရန် ဒီနေရာကို နှိပ်ပါ။
၁၆ – Draw A Stickman

ကိုယ်တိုင်ခဲခြစ်ပုံတစ်ခုကို ရေးဆွဲရပါမယ်။ ရေးဆွဲပြီးတဲ့ ပုံက လှုပ်ရှားသွားလာတဲ့အခါမှာ သူလိုအပ်တဲ့ ပစ္စည်းများကို ပုံများထပ်မံ ရေးဆွဲကာ episode တစ်ခုကို ကစားရမယ့် ဂိမ်းဖြစ်ပါတယ်။
ဝက်ဘ်ဆိုက်ကို အသုံးပြုရန် ဒီနေရာကို နှိပ်ပါ။



Credit to ==> Internet Journal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com
comments

♪ A Better Camera Unlocked ♫


HDR ဓာတ်ပုံတွေရိုက်ကူးပြီး ဗီဒီယိုပါ ရိုက်ကူးနိုင်အောင် စီစဉ်ပေးထားတဲ့ Android camera app တစ်ခုဖြစ် ပါတယ်။ ဗီဒီယို ရိုက်ကူးတဲ့အခါမှာ pause ပြုလုပ်ပြီးမှ ပြန်လည် ရိုက်ကူးနိုင်အောင် စီစဉ်ပေးထားပြီး time lapse ရိုက်ကူးနိုင်မယ့် feature တွေကိုလည်း ထည့်သွင်းပေးထားပါတယ်။

ဒါ့အပြင် RAW ဖိုင်အနေနဲ့လည်းရိုက်ကူးနိုင်မှာဖြစ်ပြီး camera settings ကို manual အနေနဲ့ ချိန်ညှိ ရိုက်ကူးနိုင်အောင်လည်း စီစဉ်ပေးထားပါတယ်။

ဒီ app ကို Play Store မှာအခကြေးငွေပေးချေမှသာ အသုံးပြုနိုင်ပေမယ့် ဖော်ပြပါ download link မှာတော့ အခမဲ့ ရယူနိုင်မှာဖြစ်ပါတယ်။ ဖိုင်အရွယ်အစား 13.4 MB ခန့်ရှိပြီး Android version 4.0 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မယ့် app ဖြစ်ပါတယ်။



Credit to ==> Internet Journal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com
comments

♪ ကျောဘက် ကင်မရာနှစ်ခုပါတဲ့ nubia M2 အပါအဝင် စမတ်ဖုန်းသစ် သုံးမျိုးကို ZTE ပွဲထုတ် မိတ်ဆက် ♫


ZTE ရဲ့ အမှတ်တံဆိပ်ခွဲဖြစ်တဲ့ nubia က တရုတ်ဈေးကွက်အတွက် စမတ်ဖုန်းသစ် သုံးမျိုးကို မိတ်ဆက်ကြေညာ လိုက်ပါတယ်။
nubia M2

nubia M2 ရဲ့ ကျောဘက်မှာ 13MP sensor နှစ်ခုပါဝင်ပါတယ်။ တစ်ခုက ကာလာဖြစ်ပြီး တစ်ခုက အဖြူအမည်းပါ။ Sensor နှစ်ခုစလုံးကို sapphire နဲ့ ကာကွယ်ထားပြီး f/2.2 aperture နဲ့ သုံးနိုင်ပါတယ်။ Selfie ကင်မရာက 16MP ဖြစ်ပြီး f/2.0 aperture, 80-degree field of view နဲ့ ရိုက်နိုင်ပါတယ်။


Screen ကတော့ ၅.၅ လက်မ 1080p AMOLED ဖြစ်ပြီး Qualcomm ရဲ့ Snapdragon 625 chipset ကို အသုံးပြုထားပါတယ်။ RAM က 4GB ပါ။ သိုလှောင်မှုပမာဏကိုတော့ 64GB နဲ့ 128GB ဆိုပြီး ရရှိနိုင်ပြီး MicroSD ကနေတစ်ဆင့် တိုးမြှင့်နိုင်ပါတယ်။ ဘက်ထရီက 3,630mAh ဖြစ်ပြီး Android 6.0.1 Marshmallow ကို အခြေခံထားတဲ့ nubia UI 4.0 နဲ့ သုံးနိုင်ပါတယ်။ ချိတ်ဆက်မှုအပိုင်းမှာတော့ 4G LTE, Wi-Fi, Bluetooth, GPS, GLONASS, USB Type-C port တို့ ပါဝင်ပါတယ်။


nubia M2 ရဲ့တန်ဖိုးက 64GB အတွက် ၃၉၁ ဒေါ်လာဖြစ်ပါတယ်။ 128GB အတွက်က ၄၃၄ ဒေါ်လာပါ။ ရွှေရောင်နဲ့ အနက်ရောင်ဆိုပြီး အရောင်နှစ်မျိုးနဲ့ ရရှိနိုင်မယ်လို့ သိရပါတယ်။

nubia M2 Lite

M2 Lite မှာတော့ 13MP ကျောဘက် ကင်မရာတစ်ခုပဲ ပါဝင်ပါတယ်။ အဲ့ဒီကင်မရာကို f/2.2 aperture, dual-tone LED flash နဲ့ ရိုက်နိုင်ပါတယ်။ Selfie ကင်မရာကတော့ M2 နဲ့ အတူတူပါပဲ။


M2 Lite မှာ ၅.၅ လက်မ 720p IPS touchscreen ပါဝင်ပြီး MediaTek ရဲ့ Helio P10 chip ကို အသုံးပြုထားပါတယ်။ RAM ကို 3GB ဒါမှမဟုတ် 4GB နဲ့ ရနိုင်ပါတယ်။ သိုလှောင်မှု ပမာဏကိုလည်း 32GB ဒါမှမဟုတ် 64GB နဲ့ ရနိုင်ပါတယ်။ MicroSD card slot ပါဝင်တဲ့အတွက် သိုလှောင်မှု ပမာဏကို တိုးမြှင့်နိုင်ပါတယ်။ M2 လိုပဲ Home ခလုတ်မှာ လက်ဗွေဖတ်စနစ် ပါဝင်ပါတယ်။


ဒီစမတ်ဖုန်းမှာ Android 7.0 Nougat ကို အခြေခံထားတဲ့ nubia UI 4.0 ကို သုံးထားပါတယ်။ ဘက်ထရီက 3,000mAh ဖြစ်ပါ။ 

Dual-SIM hybrid slot နဲ့သုံးနိုင်တာကြောင့် ဒုတိယ SIM နေရာမှာ microSD card ထည့်သွင်းပြီး အသုံးပြုနိုင်ပါတယ်။


M2 Lite ကို အနက်ရောင်၊ ရွှေရောင်နဲ့ ရရှိနိုင်ပြီး တန်ဖိုးက ၂၆၀ ဒေါ်လာနဲ့ စတင်မှာ ဖြစ်ပါတယ်။
nubia N2



ဒီစမတ်ဖုန်းမှာတော့ 5,000mAh ဘက်ထရီနဲ့ 18W quick charging အထောက်အပံ့ ပါဝင်ပါတယ်။ M2 Lite နဲ့ အလွန်ဆင်တူပေမယ့် 1080p AMOLED display panel ကို အသုံးပြုထားပါတယ်။ 4GB RAM, 64GB storage နဲ့ပဲ ရရှိနိုင်ပါတယ်။ Android 6.0 Marshmallow ကို အသုံးပြုထားပြီး တန်ဖိုးက ၂၈၉ ဒေါ်လာပါ။ ဒီဖုန်းကို ဧပြီ ၈ ရက် မှာ စတင်ရောင်းချမှာ ဖြစ်ပါတယ်။ 

အရောင်ကတော့ အခြားမော်ဒယ်တွေအတိုင်း အနက်ရောင်၊ ရွှေရောင်နဲ့ ရရှိနိုင်ပါတယ်။



Credit to ==> Internet Journal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com
comments

♪ အမြန်ဆုံးအင်တာနက် ကွန်ရက်ဆု MPT သတ်မှတ်ခံရဟုဆို ♫


မြန်မာ့အမြန်ဆုံး အင်တာနက်ကွန်ရက်ဆု MPT သတ်မှတ်ခံရကြောင်း MPT မှ သတင်းထုတ်ပြန် လိုက်ပါတယ်။


လွတ်လပ်သောနိုင်ငံတကာ အင်တာနက် အမြန်နှုန်းစမ်းသပ်မှု အဖွဲ့အစည်းဖြစ်တဲ့ Ookla ရဲ့ သုတေသနလေ့လာချက်အရ တရားဝင် အသိအမှတ်ပြုခံရခြင်းဖြစ်တယ်လို့ဆိုပါတယ်။

၂၀၁၆ ခုနှစ် ဇူလိုင်လ မှ ဒီဇင်ဘာလအတွင်း အင်တာနက်အမြန်နှုန်းစမ်းသပ်ထားတဲ့ ဒေတာ အချက်အလက်တွေအရ စမတ်ဖုန်းပေါ်မှာပါရှိတဲ့ ဒေါင်းလုတ်အမြန်နှုန်းမှာ MPT က ထိပ်ဆုံး ကပြေးနေကြောင်းသတင်း ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ Download အမြန်နှုန်းမှာ 7.4 Mbps ရှိတယ်လို့ဆိုပါတယ်။



Credit to ==> Internet Journal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com
comments

♪ " ကွန်ပျူတာကိုယ်တိုင်တည်ဆောက်ယူနိုင်မည့် PC Building Simulator ဂိမ်းကိုစတင် " ♫

Image may contain: phone

ဗီဒီယိုဂိမ်းများ ထုတ်လုပ်သည့် သမိုင်းတစ်လျှောက်တွင် စိတ်ဝင်စားဖွယ် simulator ဂိမ်းများစွာရှိခဲ့ပြီးဖြစ်သည်။ လေယာဉ်၊ ရထား၊ ကား စသည်တို့ကို အတွေ့ရများပြီး နောက်ပိုင်းကာလတွင် Sim ဂိမ်းများကို တွေ့လာရကာ လူမှုဘ၀ပုံစံများကို simulator ကဲ့သို့ ကစားရခြင်းဖြစ်သည်။

ထို့အပြင် ဘတ်စ်ကားမောင်းခြင်း၊ လမ်းသန့်ရှင်းရေးလုပ်ခြင်း၊ တိရိစ္ဆာန်များမွေးခြင်း၊ ယာခင်းစိုက်ပျိုးခြင်း စသည်ဖြင့် များလှစွာသော simulator ဂိမ်းများကို တွေ့ကြရမည်ဖြစ်သည်။ ယခုတစ်ပတ်အတွင်း Sim game တစ်ခုကို Alpha testing အဆင့်မြင့် အခမဲ့ download ပေးခဲ့ပြီး စိတ်ဝင်စားသူများ ရယူနိုင် မည်ဖြစ်သည်။ PC Building Simulator v 0.01 သည် Windows နှင့် Linux သုံးစွဲသူများ download လုပ်ခွင့်ရမည်ဖြစ်ပြီး Mclntyre မှ ထုတ် လုပ်ခဲ့ခြင်းဖြစ်ကာ အကြံပြုချက်များကို ဖိတ်ခေါ်လျက်ရှိသလို bug report များကိုလည်း ပေးနိုင် မည်ဖြစ်သည်။ Pre-alpha ဂိမ်းဖြစ်သဖြင့် ကစားရာတွင် အခက်အခဲအချို့ရှိလိမ့်မည်ကို သိရှိထားရ မည်ဖြစ်သည်။ Mclntyre မှ အချို့ သော PC အစိတ်အပိုင်းများမှာ ယနေ့ခေတ်တွင် အဓိပ္ပာယ်မရှိဟု ထင်ရမည် ဖြစ်သော်လည်း အနာဂတ်အတွက် ရည်ရွယ်ဖန်တီးဖြစ်ခဲ့ကြောင်းဆိုသည်။ 

အဆိုပါဂိမ်းသည် ယခင်ထုတ်လုပ်သူများထဲမှ ခွင့်ပြုချက်ရရန် စောင့်ဆိုင်း နေရခဲ့ကြောင်းသိရသည်။ ဂိမ်းထဲ တွင်သင်သည် chassis ကို စတင်ရွေး ချယ်ကာ အစိတ်အပိုင်းများကို တစ်ခုချင်းထည့်သွင်းသွားရမည်ဖြစ် သည်။ 


NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com
comments

♪ “Samsung Galaxy J2 Prime” Price - 169,000 Ks ♫

Image may contain: phone

Samsung ဟာ Prime ဖုန်းများကို စီးရီးအလိုက်ထုတ်လုပ်ပေးထားပြီး ထိုထဲကမှ J2 Prime ဟာ ဈေးနှုန်းအနည်းဆုံးဖြစ်ပါတယ်။ ထို့ကြောင့် လူတန်းစားမျိုးစုံကိုင်ဆောင်သုံးစွဲဖို့ အဆင်ပြေစေပါလိမ့်မယ်။ အသုံးပြု နိုင်မယ့် Network အမျိုးအစားကတော့ 2G, 3G, 4G ဖြစ်ပါတယ်။ ဖုန်း ကိုယ်ထည်အရွယ်အစားပမာဏကတော့ 144.8 × 72.1× 8.9 mm ဖြစ်ကာ အလေးချိန်ကတော့ 160g ရှိပါတယ်။ ဆင်းကတ်နှစ်ကတ် ထည့်သွင်းအသုံးပြု နိုင်မယ့် ဖုန်းအမျိုးအစားဖြစ်ပါတယ်။

Capacitive Touch Screen ရဲ့ အကျယ်အ၀န်းပမာဏကတော့ 5 inches ရှိပါတယ်။ မြင်ကွင်းစွမ်းရည် အတွက် ထောက်ပံ့ပေး ထားသော Pixels ပမာဏမှာ 540 × 960 ဖြစ်ကာ တစ်လက်မမှာရှိမယ့် Pixel ပမာဏသိပ်သည်းဆကတော့ 220 ppi ရှိပါ တယ်။ အဓိကကင်မရာဟာ 8 MP စွမ်းရည်ရှိပြီး ရှေ့ကင်မရာငယ်ကတော့ 5MP စွမ်းရည်ဖြစ်ပါတယ်။ အရှေ့၊ အနောက် ကင်မရာများနဲ့ ဓာတ်ပုံရိုက်ကူးတဲ့ အခါတွင် ကြည်လင်ကောင်းမွန်သော ပုံရိပ်များရရှိနိုင်စေဖို့အတွက် LED Flash စနစ်ကို ဖုန်းရဲ့ အရှေ့ရောအနောက်မှာပါ ထည့်သွင်းပေးထားပါတယ်။ ဗီဒီယိုရိုက်ကူးနိုင်မယ့် စွမ်းရည်ကတော့ 720p ဖြစ်ကာ နှုန်းမှာ တစ်စက္ကန့်ကို 30 Frames ပါ။ မှတ်ဥာဏ်ပမာဏအပိုင်းတွင် RAM ကို 1.5 GB ထည့်သွင်း ပေးထားပြီး Internal Storage တွင် 8 GB ပါရှိအောင် ဆောင်ရွက်ပေးထား ပါတယ်။ အချက်အလက်အများအပြား သိမ်းဆည်းနိုင်စေဖို့အတွက်လည်း Cardslot စနစ်ကို ထည့်သွင်းပေးထား ပါတယ်။

အများဆုံး တိုးချဲ့နိုင်မယ့် မှတ်ဥာဏ်ပမာဏကတော့ 256 GB အထိ ဖြစ်ပါတယ်။ အသုံးပြုနိုင်မယ့် OS အမျိုးအစားမှာ Marshmallow ဖြစ်ပါတယ်။ MediaTek MT6737T Chipset အမျိုးအစားပါရှိပါတယ်။ CPU စွမ်းရည်မှာ Quad Core 1.4 GHz ဖြစ်ကာ GPU ကတော့ Mali-T 720 MP2 ပါ။ အားသွင်းအသုံးပြုရမယ့် ဘက်ထရီ အမျိုးအစား ကတော့ Li-Ion 2600 mAh ဖြစ်ပါတယ်။

<Specification>

Network - GSM/HSPA/LTE
Processor - Quad Core1.4 GHz
Screen - 5 inches
Camera - 8 MP
Storage - 8GB
OS - Android OS, v 6.0
Contact - 01-381035

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com
comments

♪ “Asus Zenfone 3 Max” ♫

Image may contain: 1 person, text

Zenfone 3 Max ကိုမော်ဒယ်နံပါတ်၂မျိုးသတ်မှတ်ပေးထားပြီး ZC520TL နဲ့ZC553KL တို့ပဲဖြစ်ပါတယ်။စမတ်ဖုန်းကုမ္ပဏီအများဆုံးအလေးထားလာခဲ့တဲ့ ဘက်ထရီပိုင်းနဲ့ကင်မရာပိုင်း ဆိုင်ရာမှာASUS အနေနဲ့ဘယ်လောက်အထိ ဂရုစိုက်ထားတယ်ဆိုတာကို 3 MAX ရဲ့ဒီဇိုင်းပုံစံကိုလေ့လာကြည့်လိုက်တာနဲ့ သိနိုင်ပါလိမ့်မယ်။ ZenFone 3 Max (ZC553KL)၏ကိုယ်ထည်ကို အလူမီနီယံ သတ္တုဖြင့်ပြုလုပ်ထားပြီး၅.၅လက်မFull high- definition (FHD) IPS မျက်နှာပြင်ဖြင့်ဖုံးအုပ်
ထားပေးပါတယ်။ကိုယ်ထည်နှင့်မျက်နှာပြင်အချိုးသည် ၇၃ရာခိုင်နှုန်းရှိသည့်အတွက်ကျစ်လျစ်သောဖုန်းအရွယ်အစားတွင်ကျယ်ပြန့် သောမျက်နှာပြင်ကိုခံစားသုံးစွဲနိုင်မှာပါ။ဖုန်းကိုစွမ်း အင်သိုလှောင်မှုမြင့်မားတဲ့ဘက်ထရီနှင့် ပြုလုပ်ထားသော်လည်း8.3mm အထူသာရှိကာအလေးချိန် မှာလည်း175 grams သာရှိပြီးစွမ်းအင်သိုလှောင်မှု4000mAh အထက် ပါဝင်ပြီးကျစ်လျစ်၍ပေါ့ပါးသောဖုန်းများထဲတွင်တစ်ခုအပါအ၀င်အဖြစ် သတ်မှတ်နိုင်ပါလိမ့်မယ်။စွမ်းအင်သိုလှောင်မှုမြင့်မားသော ဘက်ထရီက လုံလောက်သောစွမ်းအင်ပါဝင်သည့်အတွက်အသုံးပြုသူများအနေဖြင့် ထပ်မံ၍အားဖြည့်သွင်းစရာမလိုဘဲပိုမိုရှည်ကြာသောသုံးစွဲချိန်ကိုရရှိစေမှာဖြစ်သည့် အပြင်အခြားဖုန်းများကိုလည်းfast charging power bank တစ်ခုကဲ့သို့ အထောက်အပံ့ပေးနိုင်ပါတယ်။

ZenUI Theme စတိုးမှများလှစွာသောthemes များကိုရယူပြီးအလှဆင် နိုင်ပါပြီ။များလှစွာသောtheme များမှနေ၍သင့်စိတ်ကြိုက် (wallpapers/icons /lock screen)တစ်ခုချင်းစီကိုလည်းပေါင်းစပ်၍ဖန်တီးနိုင်ပါလိမ့်မယ်။ Qualcomm Snapdragon 430 64-bit octa-core processor တပ်ဆင် ထားသည့်အပြင်ပိုမိုလျင်မြန်သောတုံ့ပြန်မှုနှင့်ဂရပ်ဖစ်လိုအပ်ချက်များသည့် ဂိမ်းများအတွက်လည်းAdreno 505 graphics processor ကိုလည်းထပ်မံ ပေါင်းစပ်တပ်ဆင်ပေးထားပါသေးတယ်။ZenFone 3 Max တွင်ပါဝင်သော Electronic Image Stabilization (EIS) စနစ်ကြောင့်ဗီဒီယိုများကိုလက်ဖြင့် ကိုင်တွယ်ရိုက်ကူးရာတွင်ပင်ပုံရိပ်များကိုတည်တည်ငြိမ်ငြိမ် ဖြင့်ရိုက်ကူးနိုင် ပါတယ်။ထိုစနစ်သည်ပုံရိပ်များကို အလိုအလျောက်အားအကောင်းဆုံးဖြင့် ကြည်လင်ပြတ်သားတည်ငြိမ်စွာနဲ့ရိုက်ကူးနိုင်ပါတယ်။ZenFone 3 Max ၏Super Resolution Mode ကိုအသုံးပြုပြီ6း4MP ဓာတ်ပုံများကိုအထူး အရည်အသွေးကောင်းမွန်စွာဖြင့် ဖန်တီးရိုက်ကူးနိုင်ပါတယ်။special image-processing နည်းပညာက16MP ရှိပုံရိပ်များဖမ်းယူမှုနှင့်ပေါင်းစပ် မှုစသည့် အောင်မြင်မှုများကိုပိုင်ဆိုင်နိုင်ခြင်းကြောင့်ဓာတ်ပုံတစ်ပုံချင်းစီကိုလေးဆ ပိုမိုကြည်လင်စေပြီးလျှင်အသေးစိတ်အကျနဆုံးနှင့်ဗီဒီယိုရိုက်ကူးရာတွင်ဆူညံသံများကိုအနည်းဆုံး ဖြစ်စေပါတယ်။အလင်းရောင်ရရှိမှုအနည်းဆုံး အခြေ အနေတွင်ပင်Zenfone 3 Max ၏Low Light Mode သည်Pixel ကိုအနီးစပ်ဆုံး လေးဆအထိပေါင်းစပ်ပေးထားပြီးလျှင်ထိုဆင်ဆာသည်ပင်လျှင်တစ်ပုံချင်းစီ အတွက်အလင်းရောင်ရရှိမှုအကောင်းမွန်ဆုံးဖြစ်စေပါတယ်။

ထိုဆင်ဆာသည်ပင်လျှင်အလင်းရောင်ရရှိမှုကိုအဆပေါင်း၄၀၀အထိတိုးမြှင့် စေနိုင်ပြီးလျှင်အလင်းရောင်ရရှိမှုအနည်းဆုံးအခြေအနေတွင်ပင်Shutter လျင်လျင်မြန်မြန်ဖြင့်ပုံရိပ်များမှုန်ဝါးခြင်းဘေးမှကာကွယ်ပေးနိုင် ကာ Flash မီးဖွင့်ပြီးရိုက်ကူးထားသကဲ့သို့သောအရည်အသွေးကိုရရှိစေနိုင်ပါတယ်။ မြင်ကွင်းကျယ်သော ရှုခင်းများရိုက်ကူးရန်အတွက်အကောင်းမွန်ဆုံးဖြစ်ကာ Panorama သည်အသုံးပြုသူကိုရိုက်ကူးရာတွင်လည်းပုံရိပ်များကို တစ်ဖက် မှတစ်ဖက်သို့အလိုအလျောက်ခွဲခြားပေးနိုင်ပြီးလျှင် မြင်ကွင်းကျယ်သော ဓာတ်ပုံ များကိုလည်းတစ်စုတစ်စည်းတည်းစုစည်းပေးပါလိမ့်မည်။ထို့အပြင် groupselfieများကိုလည်းZenfone 3 Max ၏Selfie Panorama mode ကို အသုံးပြုပြီး၁၄၀ဒီဂရီအကျယ်ရှိသော selfie ဓာတ်ပုံများကိုလည်း ရိုက်ကူးရယူနိုင်ပါတယ်။ လက်ဗွေရာ ဆင်ဆာစနစ်သည် လျင်မြန်စွာဖြင့်ဖွင့်နိုင်ပြီးအခြားApp များအတွက်ပါအသုံးပြုနိုင်ပါတယ်။လက်ဗွေရာ (၅)ခုအထိစာရင်းသွင်း မှတ်တမ်းတင်နိုင်ပြီးဆင်ဆာပေါ်သို့တင်လိုက်သည်နှင့်အလွယ်တကူရှာဖွေ ထောက်လှမ်းပေးပါလိမ့်မည်။လက်ဗွေရာ စနစ်ဆင်ဆာကိုချောမွတ်အောင် ဖုံးအုပ်ပေးထားသည့်အပြင်ဖုန်၊ အညစ်အကြေးဝင်ရောက်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။RAM ပမာဏမှာ2/3/4GB ဟူ၍၃မျိုးရှိပြီး၊Internal Storage မှာ32GB ပါရှိပါတယ်။Bluetooth Version မှာ4.1 ဖြစ်ပြီး၊ဖုန်းရဲ့ ဘက်ထရီဟာ3G Network တွင်စကားပြောဆိုဖို့၁၇နာရီနီးပါးခံနိုင်စွမ်းရှိပါ တယ်။ Zenfone 3 Max ရဲ့ဈေးနှုန်းမှာ၂၅၉,၀၀၀/- ကျပ်ဝန်းကျင်ရှိပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 







www.pyaephyo.com
comments

♪ Apple က ၉.၇ လက်မအရွယ် iPad ကို မိတ်ဆက် ♫

https://i0.wp.com/digitaltimes.com.mm/wp-content/uploads/2017/03/Untitled-1-4.jpg?fit=800%2C450&ssl=1

Apple က ၉.၇ လက်မအရွယ် iPad မော်ဒယ်တစ်မျိုးကို မိတ်ဆက်လိုက်ပါတယ်။ iPad လို့ အမည်ပေးထားပြီး iPad Air 2 ရဲ့ မျိုးဆက်ဖြစ်ပါတယ်။ Air 2 မှ A8X Chip အစား မော်ဒယ်အသစ်မှာ A9 Chip ကို တပ်ဆင်ထားပါတယ်။

မော်ဒယ်အသစ်ဟာ ၇.၅ မီလီမီတာ အထူရှိပြီး ၆.၁ မီလီမီတာ အထူရှိတဲ့ Air 2 ထက် အနည်းငယ် ပိုမို ထူပါတယ်။ မော်ဒယ် အသစ်မှာ 32.4Wh Battery တပ်ဆင်ထားတဲ့အတွက် 27.62Wh တပ်ဆင်ထားတဲ့ Air 2 ထက် ပိုမိုထူရခြင်း ဖြစ်ပါတယ်။ အဲဒီ ကွဲပြားမှု ၂ ခုက လွဲပြီး အခြား အစိတ်အပိုင်းများကတော့ တက်ဘလက် ၂ လုံးမှာ တူညီကြပါတယ်။

မော်ဒယ်အသစ်မှာ ၉.၇ လက်မ Retina Display , 8 Megapixel Rear Camera , 1.2 Megapixel Front Camera များ တပ်ဆင်ထားပါတယ်။ အနောက်ကင်မရာက Full HD Video နဲ့ အရှေ့ ကင်မရာက HD Video များရိုက်ကူးနိုင်ပါတယ်။ Apple Pay ကို သုံးနိုင်တဲ့ TouchID နဲ့ ၁၀ နာရီ အသုံးခံတဲ့ ဘက်ထရီ တပ်ဆင်ထားပါတယ်။

32GB Model ကို ၃၂၉ ဒေါ်လာ သတ်မှတ်ထားပြီး iPad ထဲမှာတော့ ဈေးအသက်သာဆုံးဖြစ်ပါတယ်။ 128GB Model ကို ၄၂၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ဆယ်လ်လူလာ မော်ဒယ်ကိုလည်း ထုတ်လုပ်ပေးထားပြီး 32GB Model ဟာ ၄၅၉ ဒေါ်လာနဲ့ 128GB Model ဟာ ၅၅၉ ဒေါ်လာ တန်ကြေးရှိပါတယ်။ ငွေ၊ အညိုနဲ့ ရွှေရောင်များ ထုတ်လုပ်ပေးထားပြီး အမေရိကန်နဲ့ အခြား နိုင်ငံ ၂၀ မှာ မတ်လ ၂၄ ရက်နေ့မှာ ရောင်းချမှာပါ။



Credit to ==>  DigitalTimes.com.mm





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com
comments

♪ ကဏ္ဍအသစ်များဖြည့်စွက်ထားသည့် My Ooredoo App V.2.0 ကိုမိတ်ဆက် ♫

https://i2.wp.com/digitaltimes.com.mm/wp-content/uploads/2017/03/ooredoo.jpg?fit=800%2C450&ssl=1

Ooredoo Myanmar ၏ ဝန်ဆောင်မှုများအကြောင်းကို တစ်နေရာတည်းတွင် အလွယ်တကူ ကြည့်ရှု ၊ ရယူနိုင်သော My Ooredoo App V.2.0 ကို မိတ်ဆက်ပေးခြင်းနှင့်အတူ My Ooredoo App ၏ အသုံးဝင်ပုံ အသေးစိတ်ကို ရှင်းလင်းပြောကြားထားသော သတင်းထုတ်ပြန်ချက်ကို Ooredoo Myanmar မှ ထုတ်ပြန်လိုက်ကြောင်းသိရသည်။

အူရီဒူးသုံးစွဲသူများအနေဖြင့် အူရီဒူး၏ 3G/4G ကွန်ရက် အသုံးပြုနေသည့်အခါတွင် My Ooredoo App သို့ အခမဲ့ ဝင်ရောက်အသုံးပြုနိုင်မည်ဖြစ်ပြီး Wi-Fi အသုံးပြုနေသည့်အခါမျိုးတွင်လည်း OTP တစ်ကြိမ်သုံး စကားဝှက်ကို အသုံးပြု၍ My Ooredoo App အား ဝင်ရောက်အသုံးပြုနိုင်မည်ဖြစ်သည်။

My Ooredoo App သို့ ဝင်ရောက်အသုံးပြုပါက ပထမဦးဆုံးတွေ့ရမည့် ဖုန်းငွေလက်ကျန်နှင့် ခံစားခွင့်စာမျက်နှာတွင် သုံးစွဲသူများအတွက် ပင်မလက်ကျန်ငွေ နှင့် ပရိုးမိုးရှင်းလက်ကျန်အတွက် ဒေတာ၊ အသံနှင့် SMS ခံစားခွင့်များအား စစ်ဆေးနိုင်မည်ဖြစ်သည်။

ယင်းတွင်ပါရှိသည့် ဖုန်းငွေဖြည့်သွင်းရန်လုပ်ဆောင်ချက်မှာလည်း သုံးစွဲသူများအတွက် အထူးအရေးပါလှပြီး သုံးစွဲသူများအနေဖြင့် ဖုန်းငွေဖြည့်သွင်းခြင်းကို မိမိတို့ကိုယ်တိုင် ဖြည့်သွင်းနိုင်မည်ဖြစ်ရုံမျှမကဘဲ အခြားနံပါတ်များအတွက်ပါ ဖုန်းငွေဖြည့်သွင်းပေးနိုင်မည် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ငွေဖြည့်သွင်းခဲ့သည့် မှတ်တမ်းကိုလည်း တစ်ချက်တည်းနှိပ်ရုံဖြင့် စစ်ဆေးကြည့်ရှုနိုင်မည်ဖြစ်သည်။

Package များဝယ်ယူရန်အစီအစဉ်မှတဆင့် အူရီဒူးသုံးစွဲသူများအနေဖြင့် အူရီဒူးမြန်မာ၏ ကမ်းလှမ်းပေးထားသည့် အကောင်းမွန်ဆုံး အင်တာနက်အစီအစဉ်များ (ပေါင်းကူးအင်တာနက် အစီအစဉ်၊ နေ့စဉ်သုံး၊ အပတ်စဉ်သုံးနှင့် လစဉ်သုံးအစီအစဉ်များ၊ ညသုံးအင်တာနက်အစီအစဉ်များ၊ Facebook အစီအစဉ်များ) နှင့် အသံအစီအစဉ်များကို  ဝယ်ရန် ခလုတ်အနည်းငယ်နှိပ်လိုက်ရုံဖြင့်ပင် အလွယ်တကူဝယ်ယူနိုင်မည် ဖြစ်သည်။ သုံးစွဲသူများအနေဖြင့် မိသားစုများနှင့် မိတ်ဆွေသူငယ်ချင်းများအတွက် အင်တာနက်လက်ဆောင် အစီအစဉ်များအား လက်ဆောင်ပေးပို့၍ အံ့သြဝမ်းသာအောင် ပြုလုပ်နိုင်မည်ဖြစ်သည်။

အပိုထပ်ဆောင်းဝန်ဆောင်မှုကို အသုံးပြု၍ သုံးစွဲသူများအနေဖြင့် နှစ်ခြိုက်ရာ Fun Tone ဝန်ဆောင်မှု၊ Name Tone ဝန်ဆောင်မှုနှင့် Status Tones ဝန်ဆောင်မှုတို့ကို အလွယ်တကူ ရယူအသုံးပြုနိုင်မည်ဖြစ်သည်။ သုံးစွဲသူများအနေဖြင့် မိမိတို့ကြိုက်နှစ်သက်သည့် Content ဝန်ဆောင်မှုများ၊ စာတိုဝန်ဆောင်မှုများနှင့် ဗွီဒီယိုများ၊ ဂိမ်းများ အစရှိသည့်ဝန်ဆောင်မှုမျိုးစုံကို မိမိလိုအပ်ချက်ပေါ်မူတည်ပြီး ရယူနိုင်မည်ဖြစ်သည်။

အူရီဒူးသုံးစွဲသူများအနေဖြင့် မိမိအတွက်၊ မိသားစုအတွက်နှင့် သူငယ်ချင်းမိတ်ဆွေများအတွက် အထူးစိတ်ကြိုက် သီးသန့်နံပါတ်များကို My Ooredoo App မှတစ်ဆင့် မိမိကိုယ်တိုင်လွယ်ကူစွာ မှာယူနိုင်မည်ဖြစ်သည်။ ရရှိနိုင်မည့်နံပါတ်နှင့် ဈေးနှုန်းကိုပါ တစ်ပြိုင်တည်း သိရှိနိုင်မည်ဖြစ်သည်။ သုံးစွဲသူများအနေဖြင့် လက်ကျန်ငွေမရှိတော့ပါက ကြိုသုံးဝန်ဆောင်မှုကို အသုံးပြု၍ ငွေကျပ် ၈ဝဝ ကြိုတင်ရယူနိုင်မည် ဖြစ်ပြီး နောက်တစ်ကြိမ်ထပ်မံဖုန်းငွေဖြည့်သွင်းပါက ပြန်လည်နှုတ်ယူမည်ဖြစ်သည်။ ဖုန်းလက်ကျန်ငွေနည်းနေစဉ် ရွေးချယ်ခွင့်များအနေဖြင့် ကျွန်ုပ်အား ပြန်လည်ခေါ်ဆိုပါ၊ ကျွန်ုပ်အား ဖုန်းငွေဖြည့်သွင်းပေးရန်၊ ကြိုသုံးငွေ အစရှိသည့် ဝန်ဆောင်မှုများ ရရှိနိုင်မည်ဖြစ်သည်။

My Ooredoo App မှ ဆင်းကတ်မှတ်ပုံတင်ခြင်းခလုတ်ကိုနှိပ်၍ လိုအပ်သည့် အသေးစိတ် အချက်အလက်များကို ထည့်သွင်းဖြည့်စွက်ခြင်းဖြင့် လွန်ကူရိုးရှင်းစွာ ဆင်းကတ်မှတ်ပုံတင်နိုင်မည် ဖြစ်သည်။ အူရီဒူးသုံးစွဲသူဝန်ဆောင်မှုအဖွဲ့သားများနှင့် တိုက်ရိုက်ဆက်သွယ်စကားပြောနိုင်သည့် Live Chat အစီအစဉ်ဖြင့်လည်း အူရီဒူးထုတ်ကုန်များ၊ ပရိုမိုးရှင်းများနှင့် ဝန်ဆောင်မှုများအကြောင်း ပိုမိုအသေးစိတ် သိရှိနိုင်မည်ဖြစ်သည်။

My Ooredoo App ကို Google Play Store နှင့် App Store တို့တွင် အခမဲ့ဒေါင်းလုတ်ရယူအသုံးပြု နိုင်ကြောင်းသိရသည်။




Credit to ==>  DigitalTimes.com.mm





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>
 








www.pyaephyo.com
comments